သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားအား ရွင္းလင္းမႈ ၉၀ ရာခိုင္ႏႈန္းေက်ာ္ေအာင္ျမင္

0
7

သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများအား ရှင်းလင်းမှု ၉၀ ရာခိုင်နှုန်းကျော်အောင်မြင်

နိုဝင်ဘာ – ၁၄

နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို ဖယ်ရှားရှင်းလင်းမှု ၉၀ ရာခိုင်နှုန်းကျော်အောင်မြင်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည် ။

သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို ဖယ်ရှားရှင်းလင်းပေးရန် စစ်ဆေးသတိပေးမှုများကို ချမ်းအေးသာစံမြို့နယ်သံဃနာယကအဖွဲ့၊ ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့ပူးပေါင်းကာ အောက်တိုဘာလ ထဲက ပြုလုပ်ခဲ့ပြီး ပြန်လည်စစ်ဆေးမှုများကို နိုဝင်ဘာလဆန်းပိုင်း က ပြုလုပ်ခဲ့သည် ။

“အဓိကကတော့ ကျောင်းတိုက်နဲ့ ကျောင်းထိုင်ဘုန်းကြီးတွေအဓိကပါပဲ။ သူတို့လက်မခံရင် သံဃနာကရော တို့အဖွဲ့ရော ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ သူတို့က အဓိကပေါ့ ။ သူတိုလက်ခံထားရင် ကျုပ်တို့က ကြာမှ သိရမှာလေ။ အခုကတော့ ကိုးဆယ်ရာခိုင်နှုန်းကျော်အောင်မြင်တယ်။´´ ဟု ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည် ။

ထိုသို့ သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို ဖယ်ရှားရှင်းလင်းမှုများ အောင်မြင်ရခြင်းသည် ဓမ္မစက် နှင့် အာဏာစက် ပူးပေါင်းဆောင်ရွက်နိုင်၍ ဖြစ်ကြောင်း ဆရာတော် ဦးဝိဓူရ က ဆက်လက် မိန့်ကြားသည် ။

သင်္ဂဇာကျောင်းတိုက် ၊ အကောက်ဝန်ကျောင်းတိုက် နှင့် ဒက္ခိဏဝန်ကျောင်းတိုက်များရှိ ကျောင်းပေါင်း ၄၀ ကျော်အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူနေထိုင်မှုများ ဖယ်ရှားပြီးသည့်အနေအထားတွင်တွေ့ရှိခဲ့ရသည် ။

ထို့အပြင် ကျောင်းတိုက်များတွင် မြေလွတ်မြေလပ်များ ပြန်လည်ရရှိခဲ့ပြီး ထပ်မံနေထိုင်မှုများမရှိစေရန်နှင့် ကျူးကျော်မှုများမရှိစေရန် အုတ်တံတိုင်းကာရံခြင်းများ ပြုလုပ်သွားရန် ချမ်းအေးသာစံမြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် က ကျောင်းတိုက်ဆရာတော်များအား မိန့်ကြားမှုများ ဆောင်ရွက်ခဲ့ပြီးကြောင်း သိရသည် ။

သာသနာ့နယ်မြေများဖြစ်သည့် ဘုန်းကြီးကျောင်းများတွင် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများဆောင်ရွက်မှုမရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည် ။

အချို့ ရာဇဝတ်မှုများ၊ လောင်းကစားဒိုင်များ၊ စာရွက် စာတမ်း အတုပြုလုပ်မှုများ စသည်တို့ကို ဘုန်းကြီးကျောင်းမျာအတွင်းမှ ဖမ်းဆီးရမိသည့်အတွက် စာရင်းကောက်ခံမှုများပြုလုပ်ရန် သံဃာ့နာယက သို့ လျှောက်ထားတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ဘုန်းကြီးကျောင်း (သာသနာ့နယ်မြေ) နှင့် ဘုန်းကြီးကျောင်းအနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသော မြေနေရာမျာပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြေနေရာငှားရမ်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊ ခွင့်ပြုထားရှိမှုအား အမြန်ရှင်းလင်းဆောင်ရွက်ပေးရေး မြို့နယ်သံဃာ့နာယက မှ တဆင့် ဘုန်းကြီးကျောင်း တစ်ကျောင်းချင်းစာထွက်ရန် နှင့် လိုက်နာမှုမရှိပါက ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည် ။

________________________________________

(Zawgyi)

သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားအား ရွင္းလင္းမႈ ၉၀ ရာခိုင္ႏႈန္းေက်ာ္ေအာင္ျမင္

ႏိုဝင္ဘာ ၁၄
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းရွိ သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို ဖယ္ရွားရွင္းလင္းမႈ ၉၀ ရာခိုင္ႏႈန္းေက်ာ္ေအာင္ျမင္ေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသာနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ ဥကၠ႒ ဆရာေတာ္ ဦးဝိဓူရ က မိန္႔ၾကားသည္ ။

သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို ဖယ္ရွားရွင္းလင္းေပးရန္ စစ္ေဆးသတိေပးမႈမ်ားကို ခ်မ္းေအးသာစံၿမိဳ႕နယ္သံဃနာယကအဖြဲ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသာနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ တို႔ပူးေပါင္းကာ ေအာက္တိုဘာလ ထဲက ျပဳလုပ္ခဲ့ၿပီး ျပန္လည္စစ္ေဆးမႈမ်ားကို ႏိုဝင္ဘာလဆန္းပိုင္း က ျပဳလုပ္ခဲ့သည္ ။

“အဓိကကေတာ့ ေက်ာင္းတိုက္နဲ႔ ေက်ာင္းထိုင္ဘုန္းႀကီးေတြအဓိကပါပဲ။ သူတို႔လက္မခံရင္ သံဃနာကေရာ တို႔အဖြဲ႕ေရာ ဘာမွ လုပ္လို႔ရမွာမဟုတ္ဘူး။ သူတို႔က အဓိကေပါ့ ။ သူတိုလက္ခံထားရင္ က်ဳပ္တို႔က ၾကာမွ သိရမွာေလ။ အခုကေတာ့ ကိုးဆယ္ရာခိုင္ႏႈန္းေက်ာ္ေအာင္ျမင္တယ္။´´ ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသာနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ ဥကၠ႒ ဆရာေတာ္ ဦးဝိဓူရ က မိန္႔ၾကားသည္ ။

ထိုသို႔ သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို ဖယ္ရွားရွင္းလင္းမႈမ်ား ေအာင္ျမင္ရျခင္းသည္ ဓမၼစက္ ႏွင့္ အာဏာစက္ ပူးေပါင္းေဆာင္ရြက္ႏိုင္၍ ျဖစ္ေၾကာင္း ဆရာေတာ္ ဦးဝိဓူရ က ဆက္လက္ မိန္႔ၾကားသည္ ။

သဂၤဇာေက်ာင္းတိုက္ ၊ အေကာက္ဝန္ေက်ာင္းတိုက္ ႏွင့္ ဒကၡိဏဝန္ေက်ာင္းတိုက္မ်ားရွိ ေက်ာင္းေပါင္း ၄၀ ေက်ာ္အား စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး လူေနထိုင္မႈမ်ား ဖယ္ရွားၿပီးသည့္အေနအထားတြင္ေတြ႕ရွိခဲ့ရသည္ ။

ထို႔အျပင္ ေက်ာင္းတိုက္မ်ားတြင္ ေျမလြတ္ေျမလပ္မ်ား ျပန္လည္ရရွိခဲ့ၿပီး ထပ္မံေနထိုင္မႈမ်ားမရွိေစရန္ႏွင့္ က်ဴးေက်ာ္မႈမ်ားမရွိေစရန္ အုတ္တံတိုင္းကာရံျခင္းမ်ား ျပဳလုပ္သြားရန္ ခ်မ္းေအးသာစံၿမိဳ႕နယ္သံဃနာယက ဥကၠ႒ ဆရာေတာ္ က ေက်ာင္းတိုက္ဆရာေတာ္မ်ားအား မိန္႔ၾကားမႈမ်ား ေဆာင္ရြက္ခဲ့ၿပီးေၾကာင္း သိရသည္ ။

သာသနာ့နယ္ေျမမ်ားျဖစ္သည့္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ရာဇဝတ္မႈမကင္းေသာ လုပ္ငန္းမ်ားေဆာင္ရြက္မႈမရွိေစရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ က သိရသည္ ။

အခ်ိဳ႕ ရာဇဝတ္မႈမ်ား၊ ေလာင္းကစားဒိုင္မ်ား၊ စာရြက္ စာတမ္း အတုျပဳလုပ္မႈမ်ား စသည္တို႔ကို ဘုန္းႀကီးေက်ာင္းမ်ာအတြင္းမွ ဖမ္းဆီးရမိသည့္အတြက္ စာရင္းေကာက္ခံမႈမ်ားျပဳလုပ္ရန္ သံဃာ့နာယက သို႔ ေလွ်ာက္ထားတင္ျပမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

ဘုန္းႀကီးေက်ာင္း (သာသနာ့နယ္ေျမ) ႏွင့္ ဘုန္းႀကီးေက်ာင္းအနီးရွိ မီးတားေျမအျဖစ္ သတ္မွတ္ထားေသာ ေျမေနရာမ်ာေပၚတြင္ ပုဂၢလိက လုပ္ငန္းရွင္မ်ားသို႔ ေျမေနရာငွားရမ္း၍ လုပ္ငန္းမ်ားေဆာင္ရြက္ျခင္း ၊ ခြင့္ျပဳထားရွိမႈအား အျမန္ရွင္းလင္းေဆာင္ရြက္ေပးေရး ၿမိဳ႕နယ္သံဃာ့နာယက မွ တဆင့္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းခ်င္းစာထြက္ရန္ ႏွင့္ လိုက္နာမႈမရွိပါက ရွင္းလင္းဖယ္ရွားႏိုင္ေရး စီမံေဆာင္ရြက္ရန္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လံုၿခံဳေရးအစည္းအေဝးတြင္ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္ ။

Leave a Reply