4 TV နှင့် 5 Network ရုပ်သံလိုင်းထုတ်လွှင့်မှုရပ်ဆိုင်းမည် 

0
166

ရန်ကုန် ၊ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈

4 TV နှင့် 5 Network ရုပ်သံလိုင်း၏ပုံမှန်ထုတ်လွှင့်မှုများကို ရပ်ဆိုင်း၍ ပြင်သစ်အခြေစိုက် Canal+ Myanmar မှယခု ဇန်န၀ါရီလအကုန်တွင် ရုပ်သံလိုင်းအသစ်များဖြင့် ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း Canal+ Myanmarမှ သိရသည်။

Forever ကုမ္ပဏီနှင့် Canal+ Myanmar တို့အကျိုးတူပူးပေါင်းစာချုပ်အရ ရုပ်သံအစီအစဉ်သစ်များဖြင့်စတင်သွားမည် ဟု သိရသည်။
ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်နေထိုင်သည့် 4 TV နှင့် 5 Network စက်သုံးစွဲသူများအနေဖြင့် စက်အသစ် လဲစရာမလိုအပ်ပဲ နယ်ဒေသများတွင်နေထိုင်သည့်သူများမှာ Canal+ Myanmar အရောင်းဆိုင်များတွင် ရုပ်သံကြည့်ရှုခွင့် သုံးလသက် တမ်းတိုးပါက စက်နှင့် ဗန်းအခမဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရုပ်သံလိုင်းများကို ရှယ်နှင့် ထူးရှယ်ဟူ၍နှစ်မျိုးခွဲခြားထားပြီး ၁လ ကြည့်ရှုခွင့် အတွက် ကျပ် ၅၀၀၀ နှင့် ကျပ် ၈၀၀၀ နီးပါးကျသင့် မည်ဖြစ်ကြောင်း Canal+ Myanmar မှသိရသည်။

ထူးရှယ် package တွင် DTH စက်ဖြင့်ဖမ်းယူပါက လိုင်း ၈၀နှင့် DTV ဖြင့်​ ဖမ်းယူပါက ၆၇ လိုင်းပါဝင်မည်ဖြစ်ကာ ရှယ် Package တွင် DTH နှင့်ဖမ်းယူပါက ၃၇ လိုင်းနှင့် DTV နှင့် ဖမ်းယူပါက ၃၂ လိုင်းပါဝင်မည်ဖြစ်သည်။

Forever Group မှ လက်ခံဆောင်ရွက်နေသည့် စက်အသစ်ရောင်းချခြင်း
နှင့် သက်တမ်းတိုးခြင်းတို့ကို ဇန်န၀ါရီ ၂၆ ရက် နေ့မှစတင် ရပ်ဆိုင်း လိုက်ပြီးဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသည့် Plan Deposit လက်ကျန် ငွေများကို အရောင်းစာရင်းများနှင့်အတူ ပြန်လည်စစ်ဆေးကာ ငွေပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း Forever Group မှ ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ကြေညာထားသည်။

ကိုဥာဏ်

Leave a Reply