ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အဝထောက်ခံဟု ဦးနန္ဒာလှမြင့်ပြော

0
42

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြည်ခိုင်ဖြိုးပါတီက ထောက်ခံသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်က Melia Yangon Hotel တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘာကြောင့် ပြင်မလဲ ၊ ဘယ်လို ပြင်မလဲ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ လုံးဝထောက်ခံပါတယ်။ နိုင်ငံတော် နိုင်ငံသားအားလုံး အကျိုးရှိမယ့် အချက်တွေ ပြင်ပါမယ် ။ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းအတွက် ပြင်လိုခြင်းမဟုတ်ဘူး။ ကျွန်တော်တို့ပါတီက ပြင်မယ့်အချက်တွေ တင်ထားပါတယ်။ ဥပဒေမဲ့တင်ပြထားတာ တစ်ခုမှ မပါပါဘူး ” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောကြားခဲ့သည် ။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေကို မပြင်လိုသည့်ပုံစံမျိုး လူအများအထင်အမြင်လွဲအောင် လုပ်ဆောင် ပြောဆိုနေသူများလည်း ရှိနေကြောင်း ၊ ၂၀၀၈ အခြေခံဥပဒေရေးဆွဲစဉ်က မည်သည့် ပြည်ပပညာရှင်တစ်ဦးမှမပါပဲ ပြည်တွင်း တတ်သိပညာရှင် နိုင်ငံသားစစ်စစ်များဖြင့် အလွှာပေါင်း ဆယ်လွှာ ၊ အဖွဲ့ပေါင်းဆယ်ဖွဲ့ ဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အခြေခံမူ ၁၀၄ ချက်ကို အခြေခံ ရေးဆွဲခဲ့ကြောင်းလည်း ဦးနန္ဒာလှမြင့်က ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ပဲ ပြင်ရမယ်၊အဲလိုပြင်တဲ့ နေရာမှာ တို့တာဝန်အရေးသုံးပါးနဲ့ လောကပါလတရားကို ထိလို့မရဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုဒ်မ၉၅ခုက အဲဒါကိုကာထားတာ။ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုသွားမလဲဆိုတာကို ကာထားတာပေါ့။ဒါပေမယ့် အဲဒီအထဲက ပုဒ်မ၅၀ပြင်မယ်ဆိုကတည်းက ကျွန်တော်တို့ နိုင်ငံရဲ့ အကာအကွယ်၅၀ကိုချိုးဖျက်သလိုဖြစ်နေတယ်။အဲဒါကို ကျွန်တော်တို့ကစိုးရိမ်နေတာ။ပြီးတော့ကိုကြိုက်တာကို တစ်စခြင်းစီဆွဲလုပ်လို့မရဘူး။သူ့မှာ ဆက်စပ်မှုတွေရှိ တယ်။အခြေခံစဉ်းစားခဲ့တဲ့အချက်တွေရှိတယ်။ လူလေး လေးငါးဆယ်ယောက်လောက်နဲ့ အချိန်တိုအတွင်းမှာ ပြောချင်တာပြော လုပ်ချင်တာလုပ်ပြီး ပြင်မယ့် အခြေခံဥပဒေဟာ ဒီပုဂ္ဂိုလ်တွေအတွက်တော့ သမိုင်းတရားခံဟာ နောင်တစ်ချိန်မှဖြစ်မှာ လောလောဆယ်တော့ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခရောက်သွားလိမ့်မယ်လို့ ဒီလိုပဲမြင်ပါတယ် ” ဟု ဦးနန္ဒာလှမြင့်က ဆက်လက်ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင် ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း သဘောထားကွဲလွဲမှုများ ရှိခဲ့ကြောင်းသိရသည်။ တိုင်းရင်းသားပါတီများကကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်း ရင်းသားဘာသာစကားများကို ရုံးသုံးစာ၊ စကားအဖြစ် ပြဋ္ဌာန်းပေးရန်လည်းကောင်း၊ အချို့ပါတီများကလည်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ကန့်ကွက်၍ လည်းကောင်း၊သမ္မတ၏ အသက်သတ်မှတ် ချက်ကိုလည်းကောင်းစသည်ဖြင့်အသီးသီး ဆွေးနွေးခဲ့ကြကာ ထိုဆွေးနွေးခဲ့မှုများ၏ စကားလုံး အသုံးအနှုန်းများအပေါ် လွှတ်တော်နာယက က လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့ရ သည်များလည်း ရှိခဲ့သည်။

Leave a Reply