Corona Virus နှင့် ပတ်သက်၍ သတင်းမှား ဖြန့်သူများကို အရေးယူမည်ဟု မန္တလေးမြို့တော်ဝန်ပြော

0
91

 

Corona Virus နှင့် ပတ်သက်၍ သတင်းမှား ဖြန့်သူများကို စီစစ် အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ရက်တွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောကြားခဲ့သည် ။

တရားဝင် သတင်းမီဒီယာမဟုတ်သော ဝက်ဆိုဒ်အချို့တွင် ဝူဟန်မြို့ က ပြန်လာသည့်သူများအနက် အချို့မှာ Corona Virus ကူးစပ်ခံနေရကြောင်း ရေးသားဖြန့်ဝေမှုများရှိကြောင်း သိရသည် ။

“အဲ့ဒါကို ဘယ်သူတွေ ရေးတယ်ဆိုတာ စုံစမ်းနေပါတယ်။ ပြည်သူတွေ ထိတ်လန့်အောင် လုပ်တဲ့အတွက် အရေး ယူပါမယ်´´ ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့က ပြန်လာသည့် မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ ၅၉ ဦး ပြီးခဲသည့် ဖေဖော်ဝါရီ ၂ ရက်က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ကန်တော်နဒီဆေးရုံတွင် ထားရှိကာ တစ်ရက်လျှင် နှစ်ကြိမ် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ယနေ့ အချိန်ထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply