ရခိုင်ပြည်နယ်အတွင်းရှိ အင်တာနက်လိုင်းများကို မေလမှသာ ဖွင့်ပေးသွားမည်ဟု ပို့/ဆက် ဒုတိယဝန်ကြီးဖြေကြား

0
92

ရခိုင်ပြည်နယ်အတွင်းရှိ အင်တာနက်လိုင်းများကို မေလ ၂ ရက်မှသာ ပြန်လည်ဖွင့်ပေးသွားမည်ဟု ဖေဖော်ဝါရီ ၇ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ လာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ် နှင့် ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ် တို့တွင် အင်တာနက်လိုင်းများ ၃ လ ပိတ်ထားမည်ဖြစ်ပြီးတည်ငြိမ်အေးချမ်းမှုရှိမှသာ ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသာဦး ကပြောသည်။

“အခုထပ်ပြီးတော့ နဂိုဖွင့်ထားတဲ့ ၅ မြို့နယ်ကို ပြန်ပြီး ပိတ်တာ ဥပဒေ အရ အများပြည်သူ အကျိုးငှာပေါ့နော်။ ဒီဟာကို ကျွန်တော်တို့ နဂိုကတည်းကလည်း ပြောထားပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိရင် ပြန်ပြီေးတာ့ ပေးရပါလိမ့်မယ်။ အခု ပိတ်တာကတော့ ဘယ်နေ့ ကနေ ဘယ်နေ့ အထိ ဆိုပြီး date အကန့်အသတ်နဲ့ ပါ။ ဒီကြားထဲ တည်ငြိမ်အေးချမ်းသွားရင်တော့ ပြန်ဖွင့်မှာပေါ့” ဟု ဦးသာဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြိုကနယ်တို့တွင် လ အတော်ကြာ အင်တာနက်လိုင်းများဖြတ်တောက်ခဲ့ရာ ယခု အခါ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝ မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၃ ရက်က စတင်၍ အင်တာနက်လိုင်းများ ပိတ်လိုက်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာကို ကျွန်တော်တို့ အတိအကျ မသိဘူး။ ကျွန်တော်တို့က အများပြည်သူ အကျိုးစီးပွားအတွက်ကို တည်ငြိမ်အေးချမ်းမှုရှိစေတဲ အတွက် ပိတ်တဲ့ သဘောပါ။ ဒါ ကျွန်တော်တို့ ဝန်ကြီးဌာန က ဥပဒေ နှင့် အညီ လုပ်တာပါ”ဟု ၎င်း ကပြောသည်။
ထိုသို့ အင်တာနက်လိုင်းများပိတ်ရခြင်းသည် ဥပဒေ နှင့် အညီသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ အင်တာနက်လိုင်းများ ပိတ်ထားသော်လည်း တယ်လီဖုန်းနှင့် SMS လိုင်းများကိုတော့ ပိတ်ထားခြင်း မရှိကြောင်း သိရသည်။

“အခုက အများပြည်သူ မလုံခြုံဘူးဖြစ်နေတယ်။ အင်တာနက်လိုင်းပိတ်ခြင်းအားဖြင့် အများပြည်သူရဲ့ လုံခြုံရေးက အများကြီး ထိခိုက်သွားတယ်။ အခုက အဲ့ဒီမှာ ပြည်သူတွေတိုက်ပွဲတွေမှာ ဒဏ်ရာရတာတွေရှိတယ်။ ဒုက္ခသည်တွေရှိတယ်။ သူတို့ရဲ့ ကျန်းမာရေးတွေ ဆက်သွယ်ရေးတွေပေါ့။ တခုခု ဖြစ်ရင် သတင်းအမှနန်ရဖို့က အရေးကြီးတယ်။ ဆိုတော့ အခုက သတင်းအမှောင်ချထားသလို ဖြစ်နေတယ်”ဟု ဘူးသီးတောင်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောသည်။

၂၀၁၉ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့ကို အင်တာနက်လိုင်းများ ပိတ်ထားခဲ့ပြီး တည်ငြိမ်းအေးချမ်းမှု အနည်းငယ်ရှိလာသည့် အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply