စွပ်စွဲပြစ်တင်မှုတရားခွင်မှာ ဆန့်ကျင်သက်သေထွက်ဆိုခဲ့တဲ့သက်သေ နှစ်ယောက်ကို ထရမ့်အလုပ်ဖြုတ်

0
66

သမ္မတကိုစွပ်စွဲပြစ်တင်မှုတရားခွင်မှာ သူ့ကိုဆန့်ကျင်ထွက်ဆိုခဲ့တဲ့သက်သေအရာရှိကြီးနှစ်ယောက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဉရောပသမဂ္ဂ(အီးယူ)ဆိုင်ရာအမေရိကန်ကိုယ်စားလှယ် ဂေါ်ဒွင် ဆွန်းလန့်နဲ့ ယူကရိန်းနိုင်ငံဆိုင်ရာကျွမ်းကျင်သူ ဒုတိယဗိုလ်မှူးကြီးအလက်ဇန်းဒါး ဗင်မန်းတို့ကို ထုတ်ပယ်လိုက်တာပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်တွင် ဆီးနိတ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုဆိုင်ရာတရားခွင်မှာ အမတ်တွေက သူ့ကိုတရားသေလွှတ်ဖို့ မဲပေးခဲ့ပြီးနောက် ဝန်ထမ်းနေရာတွေအပြောင်းအလဲလုပ်ဖို့ ထရမ့်က ဆန္ဒရှိနေတယ်လို့ပြောနေတာတွေရှိနေပါတယ်။

ရှေ့နေ ဗင်မန်းရဲ့အမြွှာညီအစ်ကို အမျိုးသားလုံခြုံရေးကောင်စီအကြီးတန်း ယက်ဂျီနီ ဗင်မန်းကိုလည်း သောကြာနေ့မှာ တပ်မတော်ဝန်ကြီးဌာနဆီပြန်ပို့လိုက်ပါတယ်။ထရမ့်ဟာ အမေရိကန်သမိုင်းမှာတတိယမြောက်စွပ်စွဲပြစ်တင်မှုတရားရင်ဆိုင်ရတဲ့သမ္မတဖြစ်ပြီးတော့ စွပ်စွဲပြစ်တင်မှုတရားခွင်ကနေလွတ်မြောက်ပြီးနောက်သက်တမ်းတစ်ခုစာရွေးကောက်ပွဲဝင်မယ့်ပထမဆုံးသမ္မတ လည်းဖြစ်ပါတယ်။

နိုင်ငံတကာသတင်း
ဥက္ကာ
#TheFifthWaveNews
Source- BBC
Photo- USA Today

Leave a Reply