ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို Y.M.B.Aအသင်း၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ချီးမြှင့်

0
83

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး Y.M.B.Aက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား Y.M.B.Aအသင်း၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ကို ဖေဖော်ဝါရီ၈ နံနက်ပိုင်းက အပ်နှင်းချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါဂုဏ်ထူးဆောင်ချီးမြှင့်ခြင်းအခမ်းအနားတွင် “ကျွန်တော့ကိုချီးမြှင့်တဲ့ဗုဒ္ဓဘာသာကလျာနယုဝ အသင်း ကြီးရဲ့ အမြင့်ဆုံးဘွဲ့တော်ဖြစ်တဲ့ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့တော် လက်ခံရယူခြင်းအပေါ်မှာ အလေးထားဂုဏ်ယူပါတယ်။ ဒီဘွဲ့တံဆိပ်ရဲ့ ဂုဏ်ဒြပ်ရာသက်ပန်ဂုဏ်ထူးဆောင်နာယက ဆိုတဲ့တာ ဝန်အ ပေါ်များ ထိုက်ထိုက်တန်တန်ကျေကျေပွန်ပွန်ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီးရဲ့ ကောင်းကျိုး အတွက် အမျိုးဘာသာ၊သာသနာ၊ပညာဆိုတဲ့ Y.M.B.Aအသင်းကြီးရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်များ အပေါ် မှာ ကျွန်တော်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကျိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောလိုပါတယ် ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုလက်ခံအပြီး ပြောကြားခဲ့သည်။

ဆက်လက်၍ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကYMBAအသင်းကြီးသည် ၁၉၀၆ခုနှစ်ကတည်းက ပေါ်ပေါက် လာပြီး ယနေ့အထိ နှစ်ပေါင်း၁၁၄နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုအဖုံဖုံကြားတွင် ကြံ့ကြံ့ ခံပြီး သက်တမ်းအရှည်ဆုံးသောအသင်းကြီးလည်းဖြစ်ကြောင်း ၊ အသင်းကြီးစတင်ကတည်းက အမျိုးဘာသာ သာသ နာ ပညာ ကြီးပွားမြင့်မားရေးဖြစ်သည့် မူလချမှတ်ခဲ့သည့်ရည်ရွယ်ချက်များကို ယနေ့ထက်တိုင်မပျောက်စေဘဲ ခေတ်စနစ်အချိန်ကာလတို့အပေါ်မှာ မူတည်ပြီး မှန်ကန်စွာဆောင်ရွက်လျှက်ရှိသည်ကို ဝမ်းမြောက်ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရသည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

အမျိုးသားရေးစိတ်ဓာတ်နှင့်ပတ်သက်ပြီး “အမျိုးသားရေးစိတ်ဓာတ်လို့ဆိုလိုက်ရင် အချို့က လူမျိုးဆိုသည့် ကျဉ်းမြောင်းသည့်အမြင်နဲ့ မြင်နေမှုများလည်းရှိနေပြီး မြန်မာနိုင်ငံသားအားလုံးမြန်မာစိတ်မွေးပြီး အမျိုးနှင့်တိုင်းပြည်ကိုချစ်ရမည်၊နိုင်ငံသားအားလုံး၏အကျိုးတိုင်းပြည်၏အကျိုးကိုသယ်ပိုးနိုင်ရမည်ကိုဆိုလိုခြင်းဖြစ်ပါတယ်”ဟု ၄င်းကပြောကြားခဲ့သည်။

ကမ္ဘပေါ်တွင် ခေတ်စနစ်များမည်မျှပင်ပြောင်းလဲသွားသော်လည်း အမျိုးသားရေးစိတ်ဓာတ်ကိုလက်ကိုင်ပြုလျှက် ရှိကြောင်း အမေရိကန်၏ Make American Great Againဆိုသည့်ကြွေးကြော်သံ ရုရှား၏ Great Russiaဆိုသည့် ကြွေးကြော်သံ များက သက်သေပြလျှက်ရှိသည်ဟုဆိုသည်။

EUနိုင်ငံများအပါအဝင် ဒီမိုကရေစီနိုင်ငံအချို့ပင် အမျိုးသားရေးစိတ်ဓာတ်ကိုဦးတည်နေသည်ကို တွေ့မြင်နေ ရကြောင်းနှင့်မြန်မာနိုင်ငံတွင်လည်းအမျိုးသားရေးကိုယ်ခံစွမ်းအားနည်းသူများမဟုတ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်း အောင်လှိုင်က ဂုဏ်ပြုဆုလက်ခံအပြီးတွင်ပြောကြားခဲ့သည်။

ဇော်ထွန်း

Leave a Reply