Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ တစ်ဦး တရားရှင်လွှတ်

0
85
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မရွှန်းလဲ့မြတ်နိုး ကို တရားရှင်လွှတ်ကြာင်း ဖေဖော်ဝါရီလ ၁၀ ရက်က မြင်းခြံခရိုင်တရားရုံးမှာ အမိန့်ချခဲ့သည် ။
 
မရွှန်းလဲ့မြတ်နိုး မှာ နေ့စားအလုပ်သမားသာဖြစ်ပြီး ဓာတ်ခွဲခန်းအကူဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကာ ဖမ်းဆီးစဉ်ကတည်းက စစ်ဆေးသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း က ပြောသည် ။
 
“လွတ်တာတော့ အကုန်လွတ်ရမှာပေါ့ အခုဟာက ဘာမှလည်းမဟုတ်ဘူး။ သုတေသနလုပ်တဲ့စိုက်ခင်း ပဲလေ ၊ တိုင်းဒေသကြီးအဖွဲ့ကနေ တရားဝင်ခွင့်ပြုထားတာပဲ ၊ဆေးခြောက်မျိုးနွယ်ဝင် ဆိုပေမယ့် အာနိသင်နည်းတယ် ၊ နောက်ပြီးအပြင်မှာ ရောင်းတာ ဖြန့်တာဖြူးတာမရှိဘူး´´ ဟု ဦးခင်မောင်သန်း က ဆက်လက် ပြောသည် ။
 
အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki ကို၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးအကြောင့် ကျပ်သိန်းသုံးထောင်တန် ခံဝန်ဖြင့် အာမခံပေးခဲ့ပြီး အာမခံ ခဲ့သည့် သူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ အထွေထွေအမှုဖွင့်ခဲ့ကြောင်း သိရသည် ။
 
Mr. John Fresric Todoroki မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက ရုံးချိန်းများကို လာရောက်ရင်ဆိုင်ခြင်းမပြုခဲ့ဘဲ ငါးကြိမ်တိုင် ပျက်ကွက်နေခဲ့သည့်အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရားရုံးသို့ ခေါ်ဆောင်လာရန် အာမခံပေးထားသူ ဦးခင်မောင်ဝင်းအား တရားရုံးက ညွှန်ကြားခဲ့သော်လည်း အဆက်အသွယ်မရသည့်အတွက် ခေါ်ဆောင်လာနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါစိုက်ခင်းနေရာအား ဧပြီလ ၂၂ ရက်နေ့ကရဲတပ်ဖွဲ့၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးရာ အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အဦးအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေ့၊ Formic Acid ဟုယူရသည့် အရည်၊ အက်သနောဟုယူဆရသည့်အရည်၊ အက်ကိုဟောဟုယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့်အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူရသည့် အရည်၊ အမိုနီယံဖော့စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည် ။
 
ထို့အတွက်ကြောင့် စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့ပြီး တရားရုံးက ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့သည်။ အမှုမှ Mr. Alexander Skemp Todoroki သည် ထွက်ပြေးနေပြီး ၊ မရွှန်းလဲ့မြတ်နိုး မှ တရားရှင်လွတ်ခဲ့သည် ။ လက်ရှိတွင် ဦးရှိန်းလတ် တစ်ဦးသာ မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)(ခ)/၂၀(က) တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်
 
နိုင်လင်းဦး

Leave a Reply