တရုတ်နိုင်ငံသား ၁၂ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ပြည်နှင်ဒဏ်ပေး

0
77

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရက်ကွက် ကွန်ဒိုနေအိမ်တစ်ခုတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၂ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည် ။

ယင်းတရုတ်နိုင်ငံသားများသည် ကျောက်စိမ်းရောင်းဝယ်ရေးလုပ်သူများဖြစ်ကာ လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်လာပြီး နေထိုင်မှုအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနသို့ Form C တင်ပြ အကြောင်းကြားခြင်းမရှိဘဲ နေထိုင်သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖမ်းဆီးရမိခဲ့သည် ။

တရားရုံးက ပြစ်မှုထင်ရှားသည့်အတွက် ဒဏ်ငွေကျပ်တစ်သောင်း ခွဲ (သို့) ထောင်ဒဏ် ၆ လပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ဒဏ်ငွေပေးဆောင်ခဲ့သည့်အတွက် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီက လေကြောင်းခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။

ထို့အပြင် ဖမ်းဆီးရမိသူများကို Corona Virus နှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မန္တလေး အရိုးအထူးကုဆေးရုံကြီးတွင် စောင့်ကြည့်သော်လည်း ထူးခြားမှုမရှိကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply