ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့စုဝေးခဲ့မှုအတွက် အလုပ်သမား ငါးဦးကို ဒဂုံတရားရုံးက အမိန့်ချ

0
14

ဒဂုံမြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံရသော Nature Garment စက်ရုံအလုပ်သမား ငါးဦးကို ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ​ထောင်ဒဏ်၂၄ရက် သို့မဟုတ်၊ ဒဏ်​ငွေ သုံးသောင်းပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ သည်။

ပြီးခဲသည့် နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်း​ဒေသကြီးရုံးရှေ့တွင် အလုပ်ရှင် အလုပ်သမားကြားက ပြသနာ များအတွက် နစ်နာမှုများအား ဖြေရှင်းပေးရန် စုဝေးမှုအကူညီတောင်းသည့် ဖြစ်စဉ်ကြောင့် အခုလို တရားစွဲ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခံရသူများက ပြောကြားခဲ့သည်။

“ကျွန်မတို့ဘက်က မိမိတို့ဘက်မှအမှားလုပ်ခဲ့ပါဘူး။ ဆန္ဒထုတ်​ဖော်ခဲ့ကြတာမဟုတ်ပါဘူး။ မိမိတို့ တင် မြှောက် ထားတဲ့ ဒီမိုကရေစီအစိုးရကို အခက်အခဲအတွက် အကူအညီတောင်းခဲ့တာဟု” ဦးဆောင်သူ မမိုးစန္ဒာမြင့်က ပြောကြားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ဦး​ဆောင် အလုပ်သမားငါးဦးအတွက် ​ငွေဒဏ်ကိုရွေးချယ်ခဲ့ပြီး တရားရုံးသို့​ပေး ဆောင်ခဲ့ကြောင်း လာရောက်ဝန်းရံသည့် အထည်ချုပ်စက်ရုံဝန်ထမ်းများကဆိုသည်။

“ခေါင်းဆောင်တွေ ဆိုတော့ သူတို့ကိုထောင်ထဲအရောက်ခံလို့ မဖြစ်ဘူး။သူတို့ ထောင်ကျခံချင်တာတောင် ကျွန်မတို့က လက်မခံဘူး အဲဒါကြောင့် ဒဏ်ငွေဆောင်ပေးတာ”ဟု အထည်ချုပ်စက်ရုံ တစ်ခု၏ ၀န်ထမ်းဖြစ်သူ မတင်တင်ဝေက ပြောသည်။

တိုင်းဒေသကြီးအစိုးရရုံးရှေ့တွင် အလုပ်ရှင်၊အလုပ်သမားပြဿနာကို ၀န်ကြီးချုပ်နှင့်တွေဆုံပြီး တင်ပြရန်ည အိပ်စောင့်ဆိုင်းခဲ့ရာ အလုပ်သမားခေါင်းဆောင်များဖြစ်သော မသန္တာအေး၊ကိုကျော်မျိုးထိုက်၊ကိုချစ်နန်းမောင်၊ကို ကျော်မျိုးထိုက်၊ မမိုးစန္ဒာမြင့်တို့ကို နိုဝင်ဘာ ၇ရက်တွင် သက်ဆိုင်ရာက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေပုဒ်မ၁၉ဖြင့်ဒဂုံမြိုနယ်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဘိုဘိုသိန်း

Leave a Reply