The 9th Avenue Residence လုံးချင်း အိမ်ရာ အရောင်းပြပွဲကျင်းပမည်

0
50

ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၉ ၊ ဒိုးကွင်ဆည်ဘေး ၊ ဗိုလ်ချုပ်ရွာလမ်းခွဲပေါ်ရှိ The 9th Avenue Residence လုံးချင်းအိမ်ရာအရောင်းပြပွဲကို ဖေဖော်ဝါရီ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် ကျင်းပသွားမည် ဖြစ်ကြောင်း iMyanmarHouse.com မှ သိရသည်။

အဆိုပါ လုံးချင်းအိမ်ရာအရောင်းပြပွဲကိုiMyanmarHouse.com မှ ကြီးမှူး ကျင်းပမည်ဖြစ်ပြီး အရောင်းပြပွဲ ၂ရက် အတွင်း ဝယ်ယူပါက အထူးသက်သာခွင့်များအပြင် ၊ အတိုးမဲ့ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဒီ The 9th Avenue Residence ဟာ ပြင်ဦးလွင်မြို့ နေရာကောင်းမှာ တည်ရှိတဲ့ လုံးချင်းအိမ်ရာ စီမံကိန်းပဲ ဖြစ်ပါတယ်။ ClubHouse ပါဝင်ပြီး ဂိတ်များ ၊ ပန်းခြံများဖြင့် ခန်းနားစွာ တည်ဆောက်ပေးထားပါတယ်၊ပထမ ရောင်း ချပြီးစီးခဲ့တဲ့ Phase 1 က လုံးချင်း အိမ်များကို ခုလာမယ့် ဇွန်လမှာ လက်ရောက် အပ်နှံပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်”ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူကပြောသည်။

The 9th Avenue Residence သည် Hillman Land ကုမ္ပဏီမှ တည်ဆောက်သည့် လုံးချင်းအိမ်ရာ စီမံကိန်းဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ပြင်ဦးလွင်မြို့အဝင် ၁မိုင်ခန့်နှင့် မြို့လယ် မှ ၃ မိုင်ခန့် အကွာတွင် တည်ရှိကြောင်းသိရသည်။

ထို့ပြင်စီမံကိန်းPhase1ရှိအိမ်ရာများကိုiMyanmarHouse.com မှ ပြီးခဲ့သည့်၂၀၁၉ ခုနှစ် ဇွန်လတွင် ရောင်းချခဲ့ရာ အထူးစိတ်ဝင်စားခြင်း ခံရပြီး ချက်ချင်း ရောင်းကုန်သွားသည့် စီမံကိန်း ဖြစ်ကြောင်းသိရသည်။ယခု ရောင်းချမည့် Phase (2) တွင် လုံးချင်းအိမ် စုစုပေါင်း ၂၉ လုံးသာပါပြီး ဒီဇိုင်း ၁၃ မျိုးအထိ ရွေးချယ်နိုင်မည်ဖြစ်ကာ ဝယ်ယူသူများသည် မိမိအမည်ပေါက် ဂရန်လျှောက်ထားနိုင်မည် ဖြစ်သည်။

အဆိုပါ အိမ်ရာပြုပြင်ထိန်းသိမ်းရေးအတွက် အိမ် နှင့် ခြံ သန့်ရှင်းခြင်း ၊ Landscaping ထိန်းသိမ်းခြင်း တို့လည်း ပါဝင်မည့်အပြင် အပန်းဖြေအိမ်အနေနှင့် ဝယ်ယူပြီး ပြန်ငှားမည်ဆိုပါက ကုမ္ပဏီအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး

Leave a Reply