ကျောင်းဧရိယာများတွင် လက်နက်ကြီးပစ်ခတ်မှုမလုပ်ကြရန် ပညာရေးဒုတိယဝန်ကြီးမေတ္တာရပ်ခံ

0
85

စာသင်ကျောင်းဧရိယာများတွင် လက်နက်ကြီးပစ်ခတ်မှုမလုပ်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကဖေဖော်ဝါရီ ၁၉ရက်တွင် မေတ္တာ ရပ်ခံပြောကြားလိုက်သည်။

ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တနားချိန်တွင် သတင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

” ကျောင်းထဲမှာလက်နက်ကြီးတွေ ကျတာလည်းရှိတော့ မလုပ်ကြပါနဲ့ဗျာ။ ဘယ်လိုမှ ကျွန်တော်တို့ကတော့ မည်သည့်ခွဲခြားမှုမှမရှိဘူး။ စာသင်ချင်လား လာခဲ့၊ စာမေးပွဲဖြေချင်လား လာခဲ့၊ ဟုတ်လား ပညာရေးကိုပဲ ကျွန်တော်တို့က အားပေးတာ။ အခုနလို လက်နက်ကြီးတွေကျတာတွေ၊ နောက် ပစ်လိုက်တာတွေ၊ ဆရာ၊ ဆရာမတွေ ထိတာတွေရှိတယ်။ ကျွန်တော်တို့အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်”ဟုဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာက မူလတန်းလွန်ကျောင်းကို ဖေဖေါ်ဝါရီ ၁၃ ရက်က လက်နက်ကြီးကျည်ကျရောက်ခဲ့သည့်အတွက် ကျောင်းသား ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ကျောင်းသူ တစ်ဦးသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြာင်းသိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply