ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မန်ယူကစားသမားအသစ် အလက်ဆစ် ဆန်းချက်ဇ်

0
155

ဇန်န၀ါရီ ၂၇ ၊ ၂၀၁၈

အာဆင်နယ်အသင်းကနေ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ မန်ယူကို ပြောင်းလာတဲ့ ဆန်းချက်ဇ်ဟာ ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ FA ဖလားပွဲစဉ်မှာ မန်ယူအတွက် ပထမဆုံး ၀င်ရောက်ကစားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဆန်းချက်ဇ်အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူ အသင်းသားတွေအတွက် ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Yeovil ၀ – မန်ယူပွဲစဉ်မှာ ဟာရဲယား ၊ ရက်ရှ်ဖို့စ် ၊ လင်ဂတ် ၊ လူကာကူတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မန်ယူအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဆန်းချက်ဇ်ဟာ ဟာရဲယား နဲ့ ရက်ရှ်ဖို့စ်တို့ အတွက် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့ပြီး အဆိုပါပွဲအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။

ဆန်းချက်ဇ်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း အပေါင်း မစ်ခိတာရန် အလိုက်ပေးခြင်းဖြင့် အာဆင်နယ်ကနေ မန်ယူကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာမြို့မှာ နေအိမ်တစ်ခုကို ရှာဖွေနေ ပါတယ်။

သူဟာ ချက်ရှိုင်းယားမှာရှိတဲ့ ယခင်မန်ယူကစားသမားဟောင်း ကားလို့ တိဗက်ဇ်နေခဲ့တဲ့ အိမ်ကို ၀ယ်ယူဖို့အတွက်လည်း မျက်စိကျနေပါတယ်။

NN

Leave a Reply