စည်ပင်သာယာထံပေးဆောင်ရမည့် အခွန်အခများကို Smart Pay စနစ်ဖြင့် ပေးဆောင်နိုင်တော့မည်

0
67


ရေခွန်၊ အိမ်ခွန် ၊ သန့်ရှင်းရေးခွန်များ အပါအဝင် မန္တလေးမြို့တော်စည်ပင်သာယာထံ ပေးဆောင်ရမည့် အခွန်အခများကို Smart Pay စနစ်ဖြင့် online မှတစ်ဆင့် ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည် ။

ယင်းစနစ်ကို အကောင်အထည်ဖော်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ် နှင့် 2C2P ကုမ္ပဏီတို့သည် ၂၀၁၉ ခုနှစ် မေလ ကပင် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည် ။

လက်ရှိတွင် စည်ပင်သာယာဌာနတွင်းမှ ဝန်ထမ်းများအား Mandalay Smart Pay အပ်ပလီကေးရှင်းနှင့် ပတ်သက်၍ အသုံးပြုပုံ အသုံးပြုနည်းများကို သင်ကြားပေးမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။

“Payment နဲ့ ပတ်သက်ပြီး အစိုးရဘက်မှာလည်း လူတွေအများကြီးကုန်တယ်။ တစ်အိမ်ချင်းလိုက်ကောက်တဲ့ကိစ္စက တစ်ခါတစ်လေကျရင် ကောက်တဲ့ ပိုက်ဆံက နှစ်ရာလောက်ကောက်တာ။ လူတစ်ယောက်ရဲ့ လခက တစ်ရက် ၄၈၀၀ ဆိုတော့ သိပ်မကျန်ဘူး။ နောက်တစ်ခုက လူတွေအများကြီးကုန်မှာ ။ နောက်တစ်ခုက online ကပေးနိုင်မယ်ဆိုရင်းစာရင်းတွေမှန်ကန်လာမယ်´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူ က ပြောသည် ။

စည်ပင်သာယာထံ ပေးသွင်းရမည့် အခွန်အခများ အပါအဝင် ငွေပေးသွင်းမှုများကို ပိုမိုမြန်ဆန်စေရန်အတွက် QR code သို့မဟုတ် Bar code ပါသည့် နို့တစ်စာရွက်ပေးမည်ဖြစ်က ဖုန်းဖြင့် scan ဖတ်ပြီးငွေပေးချေရမည်ဖြစ်သည် ။

ယင်းစနစ် အကောင်အထည်ပေါ်ပါက ဘဏ်ကိုသွား၍ ငွေသွင်းစရာမလိုသည့်အပြင် အနုတ်ပြန်မအမ်းနိုင်သည့် အခက်ခဲအခဲ ၊ ဝန်ထမ်းကို မုန့်ဖိုးပေး၍ ငွေသွင်းခိုင်းရသည့် အခက်အခဲများ ပြေလည်သွားမည်ဖြစ်သည် ။ ထို့အပြင် အခွန်အခများ အပြည့်အဝကောက်ခံနိုင်မည်ဖြစ်ပြီး ဝန်ထမ်းအင်အားလျှော့ချနိုင်မည့် လုပ်ငန်းများလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply