ဝုဟန်မြို့ရှိ မြန်မာကျောင်းသားများကို ခေါ်ဆောင်ပေးခဲ့သည့် လေယာဉ်မှူးနှင့် အဖွဲ့သားများကို ဂုဏ်ပြု

0
37

ဝူဟန်မြို့သို့ရောက်ရှိနေသည့် မြန်မာကျောင်းသားများ ကို သွားရောက်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာ အမျိုးသားလေကြောင်းမှ လေယာဉ်မှူးကြီးဖြစ်သူ ဦးခုပ်ခန့်မှု့နှင့် အဖွဲ့သားများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြိးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင်က ဖေဖော်ဝါရီ ၂၉ရက်တွင်း ၀န်ကြီးဌာန ရုံး၌ ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့သည်။

အဆိုပါ ကျောင်းသူ/ကျောင်းသား ၅၉ ဦးကို ၀ူဟန်မှ ပြန်ခေါ်လာပြီးနောက် မန္တလေးမြို့ရှိကန်တော်နဒီ ဆေးရုံတွင် ကျန်းမာရေး အရ ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ကာ ကျန်းမာရေး ကောင်းမွန်သည့် အတွက် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက ၎င်း တို့၏ နေရပ်သို့ ပြန်လည်ထွက်ခွာရန် အစိုးရမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့နည်းတူ ဖေဖော်ဝါရီ (၁၈)ရက်က ဒလဘက်ဆိပ်ကမ်း ရေယာဉ်ထွက်ခွာသည့် အချိန် ခရီးသည်အမျိုးသမီးတစ်ဦး ရေထဲကို ပြုတ်ကျခဲ့မှုကို ရေယာဉ်မှူးဖြစ်သူ ဦးမြင့်အေးက နှစ်ထပ်သင်္ဘော ရေယာဉ်ဦးပိုင်းကနေ အသက်စွန့်ပြီး ခုန်ချကယ်တင်ခဲ့မှုကိုလည်း အစိုးရအနေဖြင့် ဂုဏ်ပြုမှုများလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply