တပ်တွင်းမဲရုံများ ပြင်ပ ထုတ်ရမည့် နည်းဥပဒေပြဌာန်းချက်သည် တမင်လုပ်တာလားဟု တပ်ကိုယ်စားလှယ် မေးခွန်းထုတ်

0
62

တပ်မတော်သားများနှင့် ၎င်း တို့၏ မိသားစုဝင်များ မဲပေးသည့် တပ်တွင်းမဲရုံများအား ပြင်ပထားရှိရေးနည်းဥပဒေ ပြဌာန်းချက်သည် တမင်လုပ်တာလားဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကဖေဖော်ဝါရီ ၂၀ရက်တွင် မေးခွန်းထုတ်လိုက်သည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဆန်းလင်းက ကန့်ကွက်ဆွေးနွေးခဲ့သည့် အတွက် လွှတ်တော်မှ စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၂၄၆ မဲ၊ ကန့်ကွက်မဲ ၁၂၉ မဲရှိရာ ထောက်ခံဆန္ဒမဲ များသည့် အတွက် ယင်းဥပဒေ ကြမ်းအား အတည်ပြုကြောင်း နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

“၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲတွေမှာ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ နဲ့ အားလုံးပွင့်ပွင့်လင်းလင်းနဲ့ ရွေးကောက်ပွဲကြီးဆောင်ရွက်ခဲ့ပြီးတော့ ဒီမဲရုံတွေရှိတဲ့ အတွက် ဘာပြသနာမှ မရှိခဲ့ဘူး။ ဒီလိုပဲ အေးအေးချမ်းချမ်းနဲ့ ပြီးသွားခဲ့တာပဲ။ ဒီလို လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လို့လဲ ဒီနေ့ ဒီပါတီက အနိုင်ရပြီးတော့ ဒီလိုအစိုးရတွေ ဖွဲ့နိုင်တာ။ ဒီလိုလွှတ်တော်တွေဖွဲ့နေတာ ။တကယ်လို့ လွတ်လပ်မျှတမှုမရှိခဲ့ဘူး ဆိုလို့ရှိရင် ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းကိုမရှိဘူး။ ၂၀၁၀ရွေးကောက်ပွဲ၊ ၂၀၁၅ရွေးကောက်ပွဲ ဘာမှပြသနာမရှိခဲ့ဘဲနဲ့ အခုကျ တပ်မဲရုံအပြင်ထုတ်ရမယ်ဆိုတာကြီးက နည်းဥပဒေပြဌာန်းချက်ကို တမင်လုပ်လာသလားဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတာတွေ့ရတယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင်ကပြောကြားခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ပါတီတစ်ခု ၏ တာဝန်ရှိသူတစ်ဦးမှ တပ်တွင်းမဲရုံ တွေကို ပြင်ပထုတ်မည်ဟု မီဒီယာများအား ပြောဆိုပြီးမှ ရွေကောက်ပွဲဥပဒေ က ပြင်ဆင်ချက် တက်လာခြင်းသည် မူမှန်မှုမရှိ ခြင်းဟု ယူဆကြောင်းဗိုလ်မှူးချုပ်မောင်မောင်ဆိုသည်။

ထို့ပြင် လွှတ်တော် အတွင်း ကိုယ်စားလှယ် အများစုရှိသည့် အတွက် မဲခွဲဆုံးဖြတ်ပါက နိုင်မည်ဟု ယူဆပြီး ပြင်ကို ပြင်မည်ဆိုသည့် ပုံစံမျိုးလုပ်နေသည်ဟု ယူဆထားကြောင်း ၊ထိုနည်းဥပဒေသည် ၂၀၁၀ ခုနှစ် ၂၀၁၅ ခုနှစ်ေ၇ွးကောက်ပွဲ တွင် မရှိခဲ့ပဲ ယခု ၂၀၂၀ ရွေးကောက်ပွဲနီးလာမှ သာ ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ချက်ကို တင်သွင်းလာခြင်းဖြစ်ကြောင်း ၄င်းကထောက်ပြပြောဆိုခဲ့သည်။

ဥပဒေရေးရာကော်မတီများနှင့် အစည်းအဝေးနှစ်ကြိမ်လုပ်ခဲ့စဉ်က မူလတင်သွင်းသည့် သက်ဆိုင်ရာ ကိုယ်စားလှယ်များ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင် မည့် လုံခြုံရေးအရ တပ်တွင်းတပ်ပြင်သင့်လျော်သည့် နေရာကို တပ်မှူးနှင့် ညှိုနှိုင်းသတ်မှတ်ပေး ရမည်ဟု တင်ထားကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ နဲ့ ပူးပေါင်းဆွေးနွေးမှု အရ လုံခြုံရေးအရ တပ်မှူးနှင့် ညှိုနှိုင်းရမယ့် ကိစ္စအား လျော့ပေးကာ တပ်တွင်းတပ်ပြင် သင့်လျော်သည့် နေရာကို ညှိုနှိုင်းသတ်မှတ်ပေးရမည် ဖြစ်ကြောင်းသိရသည်။ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည့် တပ်တွင်းတပ်ပြင် သင့်လျော်သည့် နေရာကို သတ်မှတ်ပေးရမည် ဟု ပြင်ဆင်ပေးရန် ပမာဏ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

တပ်တွင်းမဲရုံများ ပြင်ပထားရှိမည်ဆိုပါက လုံခြုံရေးအရ စိတ်မချရမှုများ၊မဲရုံရှိရာ သို့ မဲသွားပေးမည့် စစ်သည်မိသားစုများ သယ်ယူပို့ဆောင်ရာတွင်လည်း အခက်အခဲရှိနိုင်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။

“မဲရုံကို သွားပြီး ထုတ်ပြီးလုပ်ရမယ်ဆိုရင် လုံခြုံရေးအရစိတ်မချရတာတွေ ရှိပါတယ်။ ဒီတပ်ပြင်မှာသွားရင် ချောင်းမြောင်း ပစ်ခံရတာမျိုးတို့ မိုင်းခွဲ ခံရတာမျိုးတွေရှိနိုင်တယ်။ နောက်တစ်ခုကလည်း မဲသွားပေးဖို့အတွက်ကို သယ်ယူပို့ဆောင်ရေးပေါ့ စစ်သည်တွေ မိသားစုတွေ သယ်ယူပို့ဆောင်ရေးကလည်း အခက်အခဲတစ်ခုဖြစ်လာနိုင်တယ်။ တစ်ချို့တပ်တွေဆိုရင် တပ်ကြီးပဲ လုံးဝ သီးသန့်ရှိနေပြီးတော့ ဘေးမှာ ဘာမှ ရပ်ရွာတွေမရှိဘူး”ဟု ၎င်း ကပြောသည်။

တပ်တွင်းမဲရုံ အရေအတွက်သည် ၉၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ စာရင်များ အရသိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply