အလုပ်သမားအရေး ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ရှစ်ဦးကို အမိန့်ချ

0
58

အလုပ်သမားအရေး အခက်အခဲများကို အစိုးရ အနေဖြင့် ထိထိရောက်ရောက် ဖြေရှင်းပေးရေး ဆန္ဒပြခဲ့သည့် အလုပ်သမား ခေါင်းဆောင် ရှစ်ဦးကို ထောင်ဒဏ် ၇ ရက် (သို့မဟုတ်) ဒဏ်ငွေတစ်သောင်းကျပ် ပေးဆောင်ရန် ဖေဖော်ဝါရီလ ၂၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တရားသူကြီး က အမိန့်ချခဲ့သည်။

အဆိုပါ အလုပ်သမား ခေါင်းဆောင် ရှစ်ဦးဖြစ်သည့် ကိုနေလင်းအောင် ၊ ဦးသောင်းညွှန့် ၊ ဒေါ်စိုးနန္ဒာမြင့် ၊ ဒေါ်ဖြိုးစန္ဒာစိုး၊ ဦးတင့်ရှိန်စိုး၊ ကိုသက်နှင်းအောင် ၊ ကိုသူရ ၊ ဒေါ်သန်းသန်းမြင့် (ခ) ဒေါ်စုစုနိုင် တို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၂၀) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒေသန္တရအမိန့်ကို ဖောက်ဖျက်သည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီအမှုသည် မတရားဘူး။ ကျွန်တော်တို့အနေနဲ့ လုပ်စရာတွေအများကြီးရှိသေးတယ်။ အမျိုးသားအဆင့်ဆွေးနွေးမှုတွေလုပ်ရဦးမယ်။ ဒါ့ကြောင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲ့ သဘောဆန္ဒအတိုင်း ဒဏ်ငွေပဲဆောင်လိုက်တယ်´´ ဟု တရားစွဲခံခဲ့ရသည့် မြန်​မာနိုင်​ငံစက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံအလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောသည် ။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ အခန်း (၅) ပုဒ်မ (၁၀) ပုဒ်မခွဲ (ဋ) အရ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် က ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များ အပိုဒ် (၃၁) ပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းအား ခွင့်မပြုဟု ဖော်ပြချက်အား ဖောက်ဖျက်ခြင်း ၊ အပိုဒ် (၃၈) ပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် တင်ပြမှုတွင် အခြားတိုင်းဒေသကြီးရှိ ပုဂ္ဂိုလ်များ ပါဝင်ပါက လက်ခံခြင်းမပြုရန်ဟု ဖော်ပြချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း နှင့် အပိုဒ် (၆၄) ပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် လျှောက်ထားသူ ဟောပြောသူ ဦးဆောင်ကျင်းပသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများသည် မန္တလေးမှတ်ပုံတင် (သို့မဟုတ်) မန္တလေးမြို့တွင် တရားဝင်နေထိုင်သူ ဖြစ်ရမည် အခြားဒေသတွင် နေထိုင်သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းအား ခွင့်မပြုဟု ဖော်ပြချက်အား ဖောက်ဖျက်ခြင်း စသည်တို့ကြောင့် အမှုဖွင့်အရေးယူကြောင်း သိရသည် ။

အလုပ်သမားများအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က ဆန္ဒပြခဲ့ပြီး အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး ၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှု ဥပဒေတွင်ထည့်သွင်းရေး ၊ ဆောက်လုပ်ရေးအလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြားချက်များဖျက်သိမ်းရေး ၊ အထူးစီးပွားရေးဇုန်လုပ်သားများ ဥပဒေအကာအကွယ်ရရှိရေး ၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး ၊ ILO ပြဌာန်းချက် (၉၈) အား အစိုးရမှ လက်မှတ်ရေးထိုးပေးရေး ၊မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply