ရိုဟင်ဂျာမရှိဟုဆိုသည့် စကားလုံးကို ပြောဖို့ ဘာကြောင့် ဝန်လေးနေရလဲဟု USDP မေးခွန်းထုတ်

0
46

နိုင်ငံတော်အစိုးရအနေဖြင့် ရိုဟင်ဂျာမရှိဘူးဆိုသည့်စကားလုံးကို ပြောဖို့ ဘာကြောင့်ဝန်လေးနေရလဲဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မရှိတဲ့ နိုင်ငံသားလဲ။ ဒါကြောင့်မလို့ မရှိတဲ့နိုင်ငံသားကို မရှိဘူးလို့ပြောဖို့ ဘာလို့ဝန်လေးနေတာလဲ။ နောက်ကွယ်က ဘယ်ကဲ့သို့သော သဘောတူညီချက်တွေရှိထားလို့လဲလို့ ကျွန်တော်တို့စိုးရိမ်မိပါတယ်”ဟု ဦးသိန်းထွန်းဦးကပြောသည်။

ထို့ပြင် ၎င်း တို့အနေဖြင့် ထုတ်ပြန်ကြေညာချက်များဖြင့် အမျိုးမျိုးထုတ်ပြန်ကြေညာခဲ့သော်လည်း ယနေ့ အချိန်ထိ ရိုဟင်ဂျာမရှိဘူးဆိုသည့် စကားလုံး ကို အစိုးရအနေဖြင့် ထွက်မလာသေးကြောင်းလည်း ဦးသိန်းထွန်းဦးကပြောဆိုသည်။

ရိုဟင်ဂျာဆိုသည့်စကားလုံးသည် အတည်ဖြစ်ပါက တစ်ကမ္ဘာလုံးတွင်ရှိသည့် ရိုဂျင်ဂျာများ လာရောက်နေထိုင်ပါက အန္တရာယ်ကျရောက်ပြီး အချုပ်အခြာအာဏာ ထိပါးလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

” နိုင်ငံမရှိတဲ့လူမျိုး ကျွန်တော်တို့နိုင်ငံမှာရှိလာပြီဆိုလို့ရှိရင် သူသည်နိုင်ငံတွင်းပြစ်မှုတစ်စုံတစ်ရာရှိလို့ သက်ဆိုင်ရာနိုင်ငံကို ပို့တော့မယ်ဆိုရင် ပို့စရာနိုင်ငံမရှိတော့ဘူး။ ပို့စရာနိုင်ငံမရှိတော့ရင် စတိပ်အော့ကွန်ဗန်းရှင်းအရ ကျွန်တော်တို့ နိုင်ငံမှာ၊ ကျွန်တော်တို့မြေပေါ်မှာ လက်ခံထားရတော့မယ်။ ကျွန်တော်တို့မြေပေါ်မှာ အဲ့ဒီလိုမျိုးလက်ခံထားရတာနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူတို့ရိုဟင်ဂျာဆိုတဲ့လူတွေ အကုန်လာကြတော့မှာ။ လာကြရင် ကျွန်တော်တို့တွေဆုံးရှုံးရတော့မယ်။ ကျွန်တော်တို့အချုပ်အခြာအာဏာထိပါးတော့မယ်”ဟု ဦးသိန်းထွန်းဦးကပြောသည်။

ထို့အတူ အစိုးရ အနေဖြင့် ICJ တွင်လည်း ရိုဟင်ဂျာ မရှိဘူးဆိုသည့် စကားလုံးကို သုံးမသွားကြောင်းလည်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply