ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်​​ပေးရန်​ တောင်းဆိုသည့်အတွက် ပညာသင်ကြားခွင့်ရပ်စဲခံရသည့် ကျောင်းသား/သူ (၂၄) ဦးထိရှိပြီဖြစ်

0
165

မန္တလေး၊ ဇန်နဝါရီ ၂၇၊ ၂၀၁၈

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်​​ပေးရန်​ တောင်းဆိုသည့်အတွက် ပညာသင်ကြားခွင့်ရပ်စဲခံရသည့် ကျောင်းသား/သူ အရေအတွက်မှာ (၂၄) ဦးထိပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်မှ (၁၂) ဦး ၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ (၁၁) ဦး ၊ မိတ္ထီလာတက္ကသိုလ်မှ (၁) ဦး စုစုပေါင်း (၂၄) ဦး အပြင် ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူ(၂) ဦးကိုလည်း ပညာသင်ကြားခွင့်ရပ်စဲခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်တောင်းဆိုခဲ့ပြီး ထိုသို့တောင်းဆို သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၏ သပိတ် စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ဖြိုခွင်းခံ ခဲ့သည်။

နိုင်လင်းဦး

Leave a Reply