ငြိမ်းချမ်းရေးလက်နက်ကလွဲလို့ ဘာတခြားနည်းကိုမှ မလိုဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

0
50

ငြိမ်းချမ်းရေးလက်နက်က လွဲလို့ ဘာတခြားန ည်းကိုမှ မလိုဘူးဟု   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဆိုတာ နောက်ဆုံးကိုယ့်စိတ်ထဲကစတာပါ။ မငြိမ်းချမ်းတဲ့နေရာနဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ထဲကစတာပါ။ငြိမ်းချမ်းနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ပထမလိုပါတယ်။ ဒါကြောင့်ယုံကြည်မှုတည်ဆောက်ရေးလို့ကျွန်မထပ်တလဲလဲပြောပါတယ်။ယုံကြည်မှုတည်ဆောက်နိုင်မှငြိမ်းချမ်းနိုင်မယ်။ယုံကြည်မှုတည်ဆောက်တယ်ဆိုတာပထမဆုံးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ရမယ်။ ငါဟာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့လူဆိုတာကိုယုံကြည်မှုရှိရမယ်။ငါဟာ ငြိမ်းချမ်းရေးကို လက်ကိုင်ပြီးနိုင်ငံငြိမ်းချမ်းရေးကိုသွားသင့်သွားထိုက်တဲ့နေရာကိုသွားအောင်လို့လုပ်နိုင်တဲ့လူမျိုးဆိုတာကိုလက်ခံနိုင်ရမယ်။ ငါဟာ ငြိမ်းချမ်းရေးလက်နက်က လွဲလို့ ဘာတခြားနည်းကိုမှ မလိုဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာရမယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများထဲတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် မည်သို့မှ ခွဲခြား၍ မရဟု သေချာအသိအမှတ်ပြုထားပြီး ငြိမ်းချမ်းရေးကို ဆက်လက် ခိုင်မာအောင် လုပ်နိုင်ရမည် ဖြစ်ကြောင်းလည်း ပြောသည်။

“သမိုင်းကြောင်းအရ ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်ရဲ့ဒဏ်တွေကို ကောင်းကောင်းခံစားခဲ့ရတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ အခုဆိုရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကြောင့် တချို့နေရာတွေမှာ အေးချမ်းသွားတဲ့အခါ အရင်တုန်းက ငြိမ်းချမ်းရေးမရှိခင်တုန်းက အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးရပြီးတဲ့ အတွေ့အကြုံနှစ်မျိုးစလုံးကို ကရင်ပြည်နယ်က ပြည်သူပြည်သားတွေသိကြပါတယ်။ ဒါကြောင့်ကျွန်မတို့နိုင်ငံအတွက်အရေးကြီးတယ်လို့ပြောတာပါ။ပြည်တွင်းစစ်ကြောင့်ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ကိစ္စတွေကိုလည်းကျွန်မတို့ပြန်ပြင်ဖို့လိုပါတယ်။ပြည်သူတွေချမ်းသာလာဖို့နဲ့လုံခြုံလာဖို့ဒီဟာတွေလုပ်ဖို့ကြိုးစားတဲ့နေရာမှာပြည်သူတွေပါမှကျွန်မတို့လည်းအောင်မြင်နိုင်မှာပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှဒေသခံပြည်သူများနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သူရဦးအောင်ကို၊ ဒေါက်တာ အောင်သူ ၊ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးတို့ ပါဝင်လိုက်ပါခဲ့ကြောင်းကို သိရသည်။

ဝေယံ
#TheFifthWaveNews

Leave a Reply