ပုဂံရှေးဟောင်းနယ်မြေအတွင်း အမြင်မတော်သည့် ကိစ္စရပ်များတားဆီးနိုင်ရန် လှည့်လည်စစ်ဆေးခြင်းများလုပ်မည်

0
29

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းနယ်မြေအတွင်း အမြင်မတော်သည့် ကိစ္စရပ်များတားဆီးနိုင်ရန် အစိုးရ ၊ အရပ်ဖက် အဖွဲ့ဌာနပေါင်းစုံဖြင့် လှည့်လည်စစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည် ။

ထိုသို့ အစိုးရ ၊ အရပ်ဖက် အဖွဲ့ဌာနပေါင်းစုံဖြင့် လှည့်လည်စစ်ဆေးခြင်းများပြုလုပ်ရန် မြို့နယ်၊ ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြထားပြီး ဖွဲ့စည်းခွင့်မကျသေးကြောင်း သိရသည်။

“အဖွဲ့စုံနဲ့ ရက်တစ်ခုသတ်မှတ်ပြီး လှည်းလည်စစ်ဆေးမှာပေါ့။ အခုတော့ ပါဝင်ရမယ့်အရပ်ဖက်အဖွဲ့နဲ့ အစိုးရအဖွဲ့တွေကို စာရင်းလုပ်ပြီးပို့ထားတယ်။ မြို့နယ် ခရိုင် စီခန့်က ဖွဲ့စည်းမိန့်တော့မကျသေးဘူး´´ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်း က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၅၅၄ အနီးတွင် ညစ်ညမ်းဇာတ်ကားရိုက် ကူးပြီး ညစ်ညမ်း website ဖြစ်သည့် porn hub ပေါ်လွင့်တင်ခဲ့သော ဖြစ်ရပ်ပြီးနောက်တွင် ပူးပေါင်းအဖွဲ့ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးခြင်းများလုပ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ အဖွဲ့ဖွဲ့စည်းခွင့်ရပြီး ဖွဲ့စည်းပါက စည်ကမ်းနှင့် မညီညွတ်သည့် လုပ်ဆောင်မှုများ တွေ့ရှိခဲ့လျှင် တားဆီး၍ ဥပဒေကြောင်းအရအရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကိုလာရောက်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများ လိုက်နာရမည့် စည်းကမ်းချက်များကို ပုဂံဒေသရှိ ဘုရားအစုများရှိသည့် အနီးအနား၊ လူစုလုဝေးနှင့် မြင်တွေ့နိုင်သည့်နေရာများ ၊ စည်ကားသည့် နေရာများ စသည့် နေရာ ၂၀ ကျော်တွင် ဆိုင်ဘုတ်များစိုက်ထူထားပြီးဖြစ်သည်။

ထို့အပြင် ရှုခင်းကြည့်ကုန်းနေရာများ၊ အုတ်ကျောင်းပျက်များ၊ အုတ်ကုန်း စသည့်နေရာများတွင်လည်း ဆိုင်းဘုတ်များ ထပ်မံစိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply