YBS 101 ယာဉ်လိုင်းသစ်ဖြင့် တက္ကသိုလ် လေးခုကို ယခုလ ၂၇ ရက်တွင် စတင်ပြေးဆွဲမည်

0
51

 

ယာဉ်လိုင်း နံပါတ်သစ် ၁၀၁ ဖြင့် တက္ကသိုလ်လေးခု ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင် ချိတ်ဆက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

Omni Focus ၏ ယာဉ်လိုင်းသစ်ဖြစ်သော YBS-101 သည် တက္ကသိုလ် လေးခု ဖြစ်သည့် အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (လှိုင်သာယာ)၊ ဆေးတက္ကသိုလ်-(၂) ၊ ဒဂုံတက္ကသိုလ် နှင့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)တို့ကို ချိတ်ဆက် ပြေးဆွဲသွားမည် ဖြစ်သည်။

“လောလောဆယ်တော့ ၂၇ စီးနဲ့ စပြေးဆွဲမှာပါ ။ နောက်ထပ် အင်အားတိုး ထပ်တင်ထားသေးတယ်။အဲ့တာ ကျလာရင် ထပ်တိုးပြီး ဆွဲပေးမှာပါ ။ဒီခရီးစဉ်က ရှည်လဲရှည်တယ် ဝေးလဲဝေးတယ် တက္ကသိုလ် လေးခုကို ချိတ်ဆက်ထားတယ် ။ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ပြေးဆွဲပေးတယ် ။ခက်တာက ကျွန်တော်တို့က ဝန်ဆောင်မှု ဘယ်လောက်ကောင်းကောင်း ယာဉ်စီးခကျတော့ YRTA ရဲ့ သတ်မှတ်ချက်အတိုင်းပဲ ၂၀၀ ကျပ်နဲ့ပါ ။အစ/အဆုံးဆို ၃၀၀ ကျပ်ဆိုပြီး ခွဲထားပါတယ် ၊တက္ကသိုလ်ယာဉ်လိုင်း သီးသန့်ပဲတော့ မဟုတ်ဘူး။ ခရီသွားပြည်သူတွေလဲ စီးလို့ရပါတယ် “ဟု Omni Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။

ယာဉ်စီးခများ အနေဖြင့် အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (လှိုင်သာယာ) မှ ဆေးတက္ကသိုလ်(၂) အထိ ၂၀၀ ကျပ် ၊ဆေးတက္ကသိုလ်(၂) မှ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) အထိ ၂၀၀ ကျပ် နှင့် ခရီးစဉ် အစ၊အဆုံး ကို ၃၀၀ ကျပ်နှင့်ယာဉ်အစီးရေ ၂၇ စီးဖြင့် ကနဦး ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ လမ်းကြောင်းနှင့်ပတ်သတ်၍ ယာဉ်စီးရေ ၁၃ စီးကိုလည်း YRTA သို့ ထပ်မံတင်ပြထားရာ ခွင့်ပြုပြီဆိုပါက နောက်ပိုင်းတွင် အစီးရေ ၄၀ ခန့်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Omni Focus ကုမ္ပဏီ အနေဖြင့်နေရာသစ်များကို ယာဉ်လိုင်းအသစ်ဖြင့်ထပ်မံတိုးချဲ့ပြေးဆွဲရန် အစီအစဉ်ရှိပြီးအဓိကအားဖြင့် ဝန်ဆောင်မှု မကောင်းခြင်း ၊ စက်စွမ်းအား ကျဆင်းခြင်းနှင့် ခရီးသွားပြည်သူလူထု အဆင်မပြေနိုင်သည့် နေရာများကို ပို၍ အစားထိုးပြေးဆွဲ ပေးချင်သည့်အတွက် ယင်းနေရာများကို YRTA က ခွင့်ပြုမည်ဆိုပါကညွှန်ကြားချက်နှင့်အညီ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

ယခု ပြေးဆွဲမည့် တက္ကသိုလ် လေးခု ခရီးစဉ် လမ်းကြောင်းတွင် အသွားလမ်းကြောင်းအနေဖြင့် ဂိတ်ရင်းကို အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)ကို သတ်မှတ်ထားပြီးအနော်ရထားလမ်း-ရွှေပြည်သာ တံတားလမ်း-တညင်းကုန်းလမ်းဆုံ- ခရေပင်လမ်း-အမှတ်(၃) လမ်းဆုံ- အောင်မင်္ဂလာအဝေးပြေး -ခြောက်ကွေ့-သုဓမ္မာလမ်း-ခေမာသီလမ်း-ဆေးတက္ကသိုလ်(၂)- မြောက်ဥက္ကလာအဝိုင်း-စက်မှုလမ်း-ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-တော်ဝင်လမ်း-ဒဂုံတက္ကသိုလ်- ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-အမှတ်(၂)လမ်းမကြီး စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)လမ်းအတိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply