ငါးရှဥ့် ရှော့တိုက်ဖမ်းဆီးခြင်းကို ပြင်းထန်သော ပြစ်ဒဏ်ဖြင့် တားဆီးသင့်ဟုဆို

0
46

 

 

ါးရှဉ့်များ ရှော့တိုက်ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဦး စီးဌာနမှ စနစ်တကျ ဥပဒေဖြင့် ပြင်းထန်သောပြစ်ဒဏ်ပေး၍ တားဆီးသင့်ကြောင်း မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

ငါးရှဉ့်များအား ရှော့တိုက်ဖမ်းဆီးခြင်းကြောင့် မျိုးပွားအင်္ဂါ ထိခိုက်သွားသဖြင့် မျိုးပွားအိတ် ခြောက်သွားပြီး ငါးရှဉ့်မျိုးပွားနှုန်း ကျဆင်း လာကြောင်းသိရသည်။

” ငါးရှဉ့် ရှော့တိုက် ဖမ်းတာဟာ ဥပဒေနဲ့ တားရမယ့် လုပ်ငန်းဖြစ်တယ်၊ ကျွန်မတို့ ငါးရှဉ့်လုပ်ငန်းရှင် များအသင်းက တားလို့ မရဘူး။ ငါးဦးစီးဌာနကနေ ဥပဒေနဲ့ အင်မတန်မှ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ပေးရမယ် ။ဒါက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အတွက် သူ့ ရဲ့ ပြစ်ဒဏ်က နည်းနည်းနှောနှော မဟုတ်ဘူး ။ ဒါ‌ကြောင့် ဥပဒေနဲ့ အင်မတန် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးရမယ်။အခု ဝူဟန်မှာဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့် ငါးရှဉ့် မဖမ်းဆီးတဲ့အတွက် အခုမျိုးပွားတဲ့ အချိန်မှ ာ မျိုးကောင်းတာတွေ ရနိုင်သေးတယ်” ဟု းဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောကြားခဲ့သည်။

လက်ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဒေသများသို့ငါးရှဉ့်အပြင် အခြားရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု ရပ်ဆိုင်းနီးပါးဖြစ်သွားသဖြင့် စီးပွားရေး တွက်ခြေမကိုက်ခြင်းကြောင့် ပြည်တွင်း၌ ငါးရှဉ့်ရှာဖွေဖမ်းဆီးမှု လျော့နည်းသွားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးဝန်း အတွင်းရှိ မြေနေရာတွင် ငါးရှဉ့်စမ်းသပ်မွေးမြူ ခြင်းကို လုပ်ဆောင်လာခဲ့ရာ လက်ရှိတွင် သဘာဝမှ ဖမ်းဆီး ရရှိသည့် ငါးရှဉ့် အရွယ်ကဲ့သို့ မွေးမြူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်ကို သွားရောက်ဖမ်းဆီးရာတွင် ငါးလုပ်ငန်းဦးစီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရသည့်အတွက် အခြား သက်ဆိုင်ရာ ဌာနများ၏ အကူအညီ တောင်းခံရာ၌ ယင်းကိစ္စရပ်သည် ငါးလုပ်ငန်း ဦးစီးတစ်ခုတည်းသာ လုပ်ဆောင်ရမည်ဟူသော အမြင်မျိုးများရှိခြင်းကို ပြောင်းလဲသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရေချိုငါးဖမ်းဥပဒေအရ ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးခြင်း၊ ငါးများ အဆိပ်ချဖမ်းဆီးခြင်းတို့ကို တားမြစ်ထားပြီး ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်း သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကွဲခြားမှုရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply