ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘန်ဇီးမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်

0
181

ဇန်န၀ါရီ ၂၇ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အာဆင်ဝင်းဂါးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘန်ဇီးမားဟာ နွေရာသီမှာ ရီးရဲမက်ဒရစ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ရီးရဲမက်ဒရစ် အသင်းရဲ့ အကြီးအကဲတွေကလည်း ကျောနံပါတ် ၉ အတွက် ရှာပုံတော် ဖွင့်နေကြပြီ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်ဟာ ပြိုင်ဘက် ဘာစီလိုနာရဲ့ နောက်ကောက်ချခြင်းကို အမှတ်ပေးဇယားမှာရော အပြောင်းအရွှေ့ဈေးကွက်မှာပါ ဆက်တိုက် ခံနေရပါတယ်။ ဒါကြောင့် ဘန်ဇီးမားအနေနဲ့ အသင်းအသစ်တစ်ခုကို ရှာဖွေဖို့ ရီးရဲမက်ဒရစ်က လမ်းဖွင့်ပေးခဲ့ပြီး သူ့အနေနဲ့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးနဲ့ လာရောက်ပူးပေါင်းဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ဘန်ဇီးမားကို လိုင်ယွန်ကစားသမား ဘ၀ကတည်းက ခေါ်ယူနိုင်ဖို့ ချဉ်းကပ်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပါဘူး။ယခုအခါမှာ ဘန်ဇီးမားကို နောက်တစ်ကြိမ်ခေါ်ယူနိုင်ခွင့် ထပ်မံရရှိလာပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘန်ဇီးမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဝန်းကျင် ပေးချေဖို့ ပြင်ဆင်ထားပြီး ရီးရဲမက်ဒရစ်အသင်းက ပေါင် ၅၂ သန်းကျော် အလိုရှိနေပါတယ်။ ဘန်ဇီးမားဟာ ဂိုးသွင်းစွမ်းရည် ကောင်းမွန် တဲ့အတွက် အာဆင်နယ်တိုက်စစ်မှူး (ယခင် လိုင်ယွန်ကစားသမား ) လာကဇက်တီနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် အာဆင်နယ်ရဲ့ တိုက်စစ်နေရာ အတွက် သွင်းဂိုးတွေ ပိုမိုရရှိလာနိုင်တယ်လို့ ဥရောပ သတင်းတွေက သုံးသပ်နေကြပါတယ်။

NN

Leave a Reply