၁၃ ကြိမ်မြောက် အောင်ဘာလေသိန်းဆုတွင် ကျပ်သန်းပေါင်းနှစ်သောင်းနီးပါးချီးမြှင့်မည်

0
90

လာမည့် မတ်လ ၁ရက်တွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲတွင် ထီဆုငွေအဖြစ် ကျပ်သန်းပေါင်းနှစ်သောင်းနီးပါးကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းပြည်တွင်း အခွန်များ ဦးစီးဌာန ၊အောင်ဘာလေ သိန်းဆုဌာနခွဲမှသိရသည်။

၁၃ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲကို မတ်လ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ သိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကစ” ထိ စုစု‌ပေါင်း အက္ခရာ (၃၉)လုံး၊ ထီစာအုပ် (၃၁၉၀၉၀၂) အုပ်၊ ထီလက်မှတ်စောင်ရေ(၃၅၀၉၉၉၂၂)စောင်အား ရောင်းချခဲ့ရကြောင်းသိရသည်။

ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်းပေါင်း (၃၁၉၀၉ ဒဿမ ၀၂၀) ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း(၁၉၁၄၅ ဒသမ ၄၁၂) ဖြစ်ကြောင်းသိရသည်။

၁၃ ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် အထူးဆုကြီး စနစ်ဖြင့် ကျပ်သိန်း တစ်သောင်းငါးထောင် (၁) ဆု၊ ကျပ်သိန်း တစ်သောင်း (၁) ဆု၊ ကျပ် သိန်း ငါးထောင် (၂) ဆု၊ ကျပ် သိန်းနှစ်ထောင် (၆) ဆု၊ ကျပ် သိန်းတစ်ထောင် (၈) ဆု၊ ဆုတစ်ဆုချင်း စနစ်ဖြင့် ကျပ် သိန်းငါးရာ ၁၈ ဆု ၊ ကျပ် သိန်းနှစ်ရာ ၂၃ ဆု ၊ ကျပ် သိန်းတစ်ရာ ၂၉ ဆု ၊ ကျပ် သိန်း ငါးဆယ် ၃၁ ဆု ၊ ကျပ် သိန်း နှစ်ဆယ် ၃၁ ဆု ၊ ကျပ်ဆယ်သိန်း ၃၃ ဆုနှင့် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၁၅၀ ဆု ၊ ကျပ်နှစ်သိန်း ၁၅၀၀ ဆု ၊ ကျပ်တစ်သိန်း ၁၉၀၀၀ ဆု ၊ ကျပ် ငါးသောင်း ၁၉၀၀၀၀ ဆု ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆု ချင်း ဆုမဲ ကျပ် ၁၀ သိန်း လေးဆုနှင့် ဝေဝေဆာဆာ ဆုမဲများဖြစ်သည့် ကျပ် သုံးသိန်း ၂၀ဆု၊ ကျပ် နှစ်သိန်း ၂၀၀ ဆု၊ ကျပ် တစ်သိန်း (၂၀၀၀)ဆု စုစုပေါင်း (၂၂၂၄)ဆုကိုလည်း ထပ်မံ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဘာလေထီသိန်းဆုဌာနခွဲသည် ထီလက်မှတ်များ ရောင်းရငွေမှ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းပြီး ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေချီးမြှင့် ပေးလျက်ရှိကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply