ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘောဒီးယားတွင်ပြုလုပ်မည့် WLC-12 ပြိုင်ပွဲကိုရွှေ့ဆိုင်း

0
59

ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ပျံနှံ့မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ ဧပြီလ ၃ ရက်တွင် ပြုလုပ်မည့် WLC -12: KHMER KINGDOM ကို ခေတ္တရွှေ့ဆိုင်းရန်ဆုံးဖြတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂၇ရက်က သိရသည်။

WLC ပြိုင်ပွဲကို ပြည်ပတွင် ပထမဆုံးကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ပျံနှံ့မှု ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ၊ အခြေအနေတည်ငြိမ်သည့် အချိန်ရောက်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“Corona Virus စိုးရိမ်မှု အရှိန်မြင့်တက်နေတဲ့ကာလအတွင်း WLC ပွဲကျင်းပခြင်းကြောင့် Cambodia နဲ့ မြန်မာနိုင်ငံမှ အများပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးသွားခြင်းမဖြစ်စေရန် ပြိုင်ပွဲကျင်းပ မည့်ရက်အား ခေတ္တရွှေ့ဆိုင်းရန်ဆုံးဖြတ်လိုက်ပါတယ်”ဟု မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

WLC – 12 တွင် ခေါင်ပွဲအဖြစ် လိုက်ဝယ်လ်တာဝိတ်တန်းချန်ပီယံ အန်တိုနီယိုဖာရယ်လ်နှင့် ကမ္ဘောဒီး ယားနိုင်ငံသား ဆော့သ်တေးတို့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။၂၀၂၀ အတွင်းပြုလုပ်မည့် WLC ပြိုင်ပွဲများကို ကမ္ဘောဒီးယား၊ အမေရိကန်၊ ဂျပန်တို့တွင် ပြုလုပ်ရန်လျာထားကြောင်းသိရသည်။

ကျင်းပခဲ့သည့် WLC ပွဲစဉ် (၁၁)ပွဲကို ပြည်တွင်းရှိမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ဘားအံမြို့တွင် ပြုလုပ်ခဲ့သည်။

“WLC ပွဲအတွက် ဆုံးရှုံးနိုင်ခြေ အာမခံထားတဲ့ နိုင်ငံခြားက အာမခံကုမ္ပဏီကလဲ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ကျွန်တော်တို့ပွဲကို အာမခံလက်မခံပါတဲ့”ဟု ဦးဇေသီဟက ရေးသားထားသည်။

ကျော်သူမြင့်
#TheFifthWaveNews

Leave a Reply