ဝူဟန်မြို့ရှိ မြန်မာနိုင်ငံသား နှစ်ယောက်အပါအ၀င် လူ ၁၁၂ ယောက်ကိုအိန္ဒိယလေတပ်ခေါ်ဆောင်

0
53

မြန်မာနိုင်ငံသား နှစ်ယောက်အပါအဝင် ဝူဟန်မြိူ့မှ လူ ၁၁၂ ယောက်ကိုသယ်ဆောင်လာသော အိန္ဒိယလေတပ်အထူးလေယာဉ်သည် နယူးဒေလီမြို့ကို ဖေဖော်ဝါရီ ၂၇ရက်မနက်ပိုင်းတွင် ဆိုက်ရောက်ခဲ့သည်။

လက်ရှိ ကမ္ဘာအနှံ့ ပြန့်နှံ့နေသော ကိုရိုနာဗိုင်းရပ်စ် COVID-19 စပြန့်ခဲ့သည့် ဝူဟန်မြို့မှ အိန္ဒိယနိုင်ငံသား ၇၆ ယောက်နှင့် အခြားနိုင်ငံသား ၃၆ ယောက်ကို ကယ်ထုတ်ခဲ့ပြီး မြန်မာနိုင်ငံသား နှစ်ယောက်ပါဝင်ခဲ့သည်။

C-17 သယ်ပို့လေယာဉ်ဖြင့် အိန္ဒိယလေတပ်က ဝူဟန်ကို ဆေးဝါးအထောက်အပံ့ ၁၅ တန်ပေးခဲ့ပြီးနောက် ထိုလေယာဉ်နှင့်ပင် လူများကို ပြန်ကယ်ထုတ်လာခြင်း ဖြစ်သည်။

လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၇၆ ယောက်၊ မြန်မာနိုင်ငံသား ၂ ယောက်၊ တရုတ်နိုင်ငံသား ၆ ယောက်၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၂၃ ယောက်၊ မော်ဒိုက်နိုင်ငံသား ၂ ယောက်၊ တောင်အာဖရိက၊ အမေရိကန်နှင့် မက်ဒါဂါစကာနိုင်ငံသား ၁ ယောက်စီကို ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်ရှိ တရုတ်နိုင်ငံသားများသည် အိန္ဒိယနိုင်ငံသားများ၏ အိမ်ထောင်ဖက်တွေဖြစ်ပြီး ၊ ကယ်လာသူများ အားလုံးကို ဒေလီမြို့ ရှိ ချွာလာ ITBPရောဂါသီးသန့်စောင့်ကြည့်ရေးဆေးရုံတွင် သီးသန့်စောင့်ရှောက်ထားမှာဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက် တွင်လည်း အိန္ဒိယလေတပ်၏ အထူးလေကြောင်းခရီးစဉ်ဖြင့် ကျောင်းသားအများစုပါဝင်သော အိန္ဒိယနိုင်ငံသား ၆၄၇ ယောက်နှင့် မော်ဒိုက်နိုင်ငံသား ခုနှစ် ယောက်တို့ကို ခေါ်ဆောင်ခဲ့သည်။

ဥက္ကာ
Source – India today
Photo- ANI

#TheFifthWaveNews

Leave a Reply