မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ သုံးခု လက်မှတ်ရေးထိုးရန် အိန္ဒိယအစိုးရအဖွဲ့ ခွင့်ပြု

0
41

သစ်မှောင်ခိုကူးခြင်း တိုက်ဖျက်ရန် ၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရန်နှင့် လောင်စာဆီ ထုတ်ကုန်နှင့် ဆက်သွယ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ သုံးခုကို လက်မှတ်ရေးထိုးရန် အိန္ဒိယပြည်ထောင်စုအဖွဲ့ကအတည်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်ကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးမလှုပ်သာမလှည့်သာဖြစ်နေသည့်အတွက် နားလည်မှုစာချွန်လွှာသည် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဖြေရှင်းပေးမည်ဟု အိန္ဒိယသတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ဝန်ကြီးပရာကတ်ရှ် က ဂျာဗဒီကာကသတင်းထောက်များကိုပြောသည်။

အိန္ဒိယနိုင်ငံအနေနှင့် မြန်မာအရာရှိများကို လေ့ကျင့်သင်တန်းပေးသွားမည်ဖြစ်ပြီး လောင်စာဆီ ထုတ်ကုန် ဆိုင်ရာနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ ပူးပေါင်းလုပ်ငန်းအဖွဲ့ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

Source  New Kerala
ဥက္ကာ
Photo- India External Affairs Ministry
#TheFifthWaveNews

Leave a Reply