နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း၅၀၀ အသုံးပြုပြီး ပရီးမီးယားလိဂ် စတားတွေကို ခေါ်ယူမယ့် ရီးရဲမက်ဒရစ်

0
184

ဇန်န၀ါရီ ၂၇ ၊ ၂၀၁၈

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၅၀၀ ခန့် သုံးစွဲပြီး အင်္ဂလန် ပရီးမီးယားလိဂ်က နာမည်ကြီး ကစားသမားတွေကို ခေါ်ယူဖို့ စီမံကိန်ရေးဆွဲထားတယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဆိုပါတယ်။

ရီးရဲမက်ဒရစ်ဟာ တိုက်စစ်မှူးနေရာအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတွေပေချေပြီး ချယ်လ်ဆီး ကစားသမား ဟာဇက်နဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ကို ခေါ်ယူမယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမား နှစ်ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း၂၀၀ သုံးစွဲမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အနှစ်နှစ်အလလ ကြိုးစားနေတဲ့ မန်ယူဂိုးသမား ဒီဂီယာကို ရရှိရေးစီမံချက်ကိုလည်း နွေရာသီမှာ အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေပါတယ်။ ရီးရဲမက်ဒရစ်ဟာ ဒီဂီယာအတွက် ပေါင်သန်း ၁၀၀ အသုံးပြုမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ လက်ရှိမှာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားများ အသက်အရွယ်ရလာပြီ ဖြစ်တာကြောင့် ကစားသမားအသစ်တွေကို ခေါ်ယူဖြည့်ဆည်းဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။

NN

Leave a Reply