၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရာတွင် UWSA ပူးပေါင်းပါဝင်မည်

0
102

၂၀၂၀ ရွေးကောက်ပွဲကျင်းပရာတွင် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သဘောထားမှတ်ချက်ပေးခဲ့ကြောင်း မတ် ၃ရက်တွင် သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနှင့် UWSP ခေါင်းဆောင်များ သည် ပန်ဆန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ဆုံခဲ့ကြသည်။

“ဝ ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ပူးပေါင်းပါဝင်ဖို့ ကိစ္စကိုဆွေးနွေးခဲ့ကြတယ်။ ကျင်းပနိုင်ဖို့ဆို အသေးစိတ်အချက်အ လက်တွေ ဆွေးနွေးဖို့လိုပါသေးတယ်” ဟု UWSP ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောကြားခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ဝ ဒေသအတွင်းရှိ မြို့နယ်(၄)ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲပါဝင်ခွင့်၊ ကိုယ်စားလှယ်ရွေးချယ်ခွင့်၊ မဲပေးခွင့်ကိစ္စများ ကို ရှင်းလင်းပြောဆိုခဲ့ပြီး UWSP အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ပြောဆိုခဲ့ ကြောင်းသိရသည်။

UWSP ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျံက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လာ ရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမှုတွင် ပြောဆိုခဲ့သည်။

ပုံစာ – UWSA ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် စစ်ရေးပြအခမ်းအနား

ကျော်သူမြင့်
#TheFifthWaveNews

Leave a Reply