မန္တလေးတိုင်းအတွင်း COVID -19 နှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုနေရသူ လေးဦးရှိ

0
93

မန္တလေးတိုင်းဒေသကြီးအတွင်း COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုနေရသူ လေးဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီးဒေသကြီး ကုသရေးဦးစီးဌာန က သိရသည် ။

အဆိုပါ လေးဦးအနက် နှစ်ဦးမှာ ကျောက်ပန်းတောင်းဆေးရုံတွင် မတ်လ ၂ ရက်က ထားရှိထားပြီး စင်္ကာပူနိုင်ငံ မှ ပိုးတွေ့လူနာနှင့်အနီးကပ်နေထိုင်ခဲ့သူ တစ်ဦးနှင့် ၎င်း၏ဇနီးတို့ဖြစ်ကာ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ထားပြီးဖြစ်ကြောင်း သိရသည် ။

“မန္တလေးတိုင်းထဲက အရင် စောင့်ကြည့်လူနာ ၉ ယောက်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက ဘာရောဂါမှ မဖြစ်လို့ ဆင်းသွားပြီ ။ အခုလက်ရှိမှာတော့ ဒီနေ့တစ်ယောက်အပါအဝင် လေးယောက်ရှိပါတယ်´´ ဟု မန္တလေးတိုင်းဒေသကြီးဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် က ပြောပါတယ် ။

တစ်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မှ ကားသမား တစ်ဦးဖြစ်ပြီး ရောဂါဖြစ်လူနာနှင့် ထိတွေ့ဖူးခြင်းမရှိသည့်အပြင် ခရီးသွားလာခြင်းများမရှိသော်လည်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မတ်လ ၂ ရက်က စောင့်ကြပ်ကြည့်ရှုရန်ပို့ထားသည် ။

ကျန်တစ်ဦးမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မတ်လ ၄ ရက်က စောင့်ကြပ်ကြည့်ရှုရန်ပို့ထားကြောင်း သိရသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply