ဇန်န၀ါရီအပြောင်းအရွှေ့ကို စိတ်ပျက်နေတဲ့ လီဗာပူးလ်နည်းပြ 

0
168

ဇန်န၀ါရီ ၂၇ ၊ ၂၀၁၈

ကြိုးကြာနီတွေရဲ့နည်းပြ ဂျာကင်ကလော့ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမား လောက်လောက်လားလား မ၀ယ်နိုင်သေးတဲ့အတွက် စိတ်ပျက်နေကြောင်း သိရပါတယ်။

လီဗာပူးလ်ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒွိုက် တစ်ဦးသာ ခေါ်ယူနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမား ကော်တင်ဟို ကို ဘာစီလိုနာသို့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ပြန်ဝယ်နိုင်ဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေအတွက် အရမ်းကို ဝေးကွာလွန်းနေတယ်လို့ ကလော့က ဆိုပါတယ်။

လီဗာပူးလ်ဟာ မြောက်မြားစွာသော ကစားသမားတွေကို ချိတ်ဆက်ခေါ်ယူ ဖို့ ကြိုးစားနေပေမယ့် အဆင်မပြေသေးပါဘူး။အဆိုပါ အဆင်မပြေမှုတွေ ကြောင့် စိတ်ပျက်မိပေမယ့်လည်း ဇန်န၀ါရီ အပြောင်းအရွှေ့အတွက် သူ့မှာ မည်သည့်ဆင်ခြေမျှ မရှိဘူးလို့ ကလော့က ထပ်ပြောသွားပါတယ်။

လီဗာပူးလ်အသင်းဟာ လိုက်ပရက်ဇ်ကွင်းလယ်လူ ကီတာ ၊ ရိုးမားတိုက်စစ်မှူး ဒီဇီကို စတဲ့ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိသေးပါဘူး။

NN

Leave a Reply