Covid19သတင်းများကိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ပေးရန် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများတောင်းဆို

0
42

ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်သတင်းထုတ်ပြန်မှုများတွင် အဂ်လိပ်ဘာသာစကားဖြင့်လည်း အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများက မတ် ၅ရက်ကတောင်းဆိုလိုက်သည်။

ကိုရိုနာဗိုင်းရပ်သတင်းများနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်မြန်မာဘာသာစကားတစ်ခုတည်းထုတ်ပြန်နေကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်းလာ‌ ‌ရောက်ရင်းနှီးမြှပ်နှံနေသည့်နိုင်ငံခြားသားများအတွက်အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်စေလိုကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ်တွင် လုပ်ငန်းရှင် အလုပ်သမားရင်းနှီးမြှပ်နှံသူများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံပွဲတွင်တောင်းခဲ့ခြင်းဖြစ်သည်။

“ကျန်းမာရေးဝန်ကြီး ဌာနရဲ့ဝဘ်ဆိုက်မှာ နိုင်ငံခြားသားတွေသိရှိနားလည်အောင် အင်္ဂလိပ်လိုထုတ်ပြန်ပေးဖို့နိုင်ငံခြားရင်းနှီးမြှပ်နှံသူ‌ တွေကတောင်းဆိုတယ်” ဟုအထည်ချုပ်အသင်းအတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကပြောသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံသူများက ကိုရိုနာဗိုင်းရပ်ကိစ္စသည် ကမ္ဘာနှင့်ချီ၍ဖြစ်ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန်အပြင် အစိုးရ၏ကျန်းမာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာ သိလိုကြောင်း တောင်းဆိုထားသည်။

ဇော်ဇော်ထွန်း
#TheFifthWaveNews

Leave a Reply