ဝူဟန်မြို့သို့ တရုတ်သမ္မတရှီကျင့်ပင် ကြိုတင်မကြေညာထားဘဲသွားရောက်

0
15

ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ ဝူဟန်မြို့သို့ တရုတ်သမ္မတရှီကျင့်ပင်က မတ် ၁၀ရက်တွင် သွားရောက်ခဲ့သည်။ရှီ၏ကြိုတင်မကြေညာထားသည့်ခရီးစဉ်သည် ဇန်နဝါရီ ၂၃ တွင် ဝူဟန်မြို့နှင့် မြို့ရှိရာနိုင်ငံအလယ်ပိုင်းရှိဟူဘေးပြည်နယ်တို့ကို အလုံပိတ်ပြီးနောက် ပထမဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ဝူဟန်မြို့ကိုလေယာဉ်နဲ့ရောက်ခဲ့ခြင်းမှာ ဒေသတွင်းဗိုင်းရပ်စ်ပြန့်ပွားမှုကပ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများကိုစစ်ဆေးရန်ဖြစ်ကြောင်း တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းအေဂျင်စီကဖော်ပြသည်။

ရှေ့တန်းရောက်ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဘက်အရာရှိများ၊ လူမှုကူညီရေးဝန်ထမ်းများ၊ ရဲများ၊ လူနာများနှင့်ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်းလည်း ရှင်ဟွာကဖော်ပြသည်။ကမ္ဘာတစ်ဝန်းတွင် ယနေ့အထိ ဗိုင်းရပ်စ်ကြောင့် လူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၁၁၀၀၀၀ ကျော်ကူးစက်ခံထားရသည်။

ကူးစက်သေဆုံးသူအများစုမှာ တရုတ်နိုင်ငံတွင်ဖြစ်သော်လည်း လက်ရှိတွင် နေ့စဉ်ကူးစက်မှုများမှာ တရုတ်နိုင်ငံပြင်ပတွင် ပိုမြန်နေသည်။တရုတ်နိုင်ငံတွင်တော့ မတ် ၁၀ရက်တွင် ကူးစက်ခံရသူ ၁၉ ယောက်သာထပ်တိုးပြီး ဇန်နဝါရီ ၂၁ ရက်နောက်ပိုင်းတွင် ကူးစက်ခံရသူ အနည်းဆုံးပမာဏဖြစ်သည်။ဝူဟန်တွင် ကူးစက်ခံရသူ ၁၇ ယောက်ရှိပြီး နောက်ထပ် ၂ ယောက်မှာ နိုင်ငံခြားမှလာသူများဖြစ်သည်။

ဥက္ကာ
Source-AFP
Photo – Xinhua
#TheFifthWaveNews

Leave a Reply