ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှလက်ဆွဲနှုတ်ဆက်လို့မရဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

0
79

ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲနှုတ်ဆက်လို့မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မတ်လ ၁၀ ရက် လူထုတွေ့ဆုံပွဲတွင် ပြောခဲ့သည် ။

အဆိုပါ လူထုတွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့ရှိ အားကစားကွင်းတွင် ကျင်းပခဲ့ပြီး ပြင်းဦးလွင် ဒေသခံ တိုင်းရင်းသားများအပြင် အခြားဒေသများမှ ပြည်သူများလည်း လာရောက်ခဲ့ကြသည် ။

“အချက်နှစ်ချက်ကို ပြောချင်ပါတယ် ။တစ်ချက်က ကျွန်မတို့ကိုနွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ နောက်တစ်ချက်က ကျွန်မအနေနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲနှုတ်ဆက်လို့မရပါဘူး ။ အဲဒီတော့ပြည်သူတွေ အချင်းချင်းလဲ လက်ဆွဲနှုတ်ဆက်တာမလုပ်ကြဖို့ အခုလောလောဆယ် တိုက်တွန်းရမယ့်တာဝန်အရ ပြောရတာဖြစ်ပါတယ် ´´ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည် ။

အဲ့ဒီလို ပြောဆိုရခြင်းသည့် COVIDE -19 ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးသော်လည်း ကြိုတင်ကာကွယ်သင့်ကြောင်း ပြောခဲ့သည် ။

“ကြိုတင်ကာကွယ်ဖို့ကျန်းမာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေကို လိုက်နာဖို့ အင်မတန် အရေးကြီးပါတယ်။ လက်ဆွဲနှုတ်ဆက်တာ လက်ကနေတဆင့် ပျံ့ပွားတာက အမြန်ဆုံးနဲ့ အလွယ်ဆုံးဖြစ်တာကြောင့် ကျွန်မကိုလည်း ဘယ်သူ့ကိုမှ လက်ဆွဲမနှုတ်ဆက်ပါနဲ့လို့ ညွှန်ကြားချက်ပေးထားတော့ နားထောင်ရပါတယ်။ ဒါမှလည်း ပြည်သူလူထုက နားထောင်ပါလို့ ပြောနိုင်တဲ့ ရှိလို့ပါ။ ပြည်သူတွေကို လက်ဆွဲမနှုတ်ဆက်ချင်လို့မဟုတ်ပါဘူး။ ပြည်သူတွေကို လက်မတွဲစေချင်လို့ မဟုတ်ပါဘူး ။ ရှောင်သင့်တာလေးတွေ ရှောင်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းပါတယ်´´ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ပြောကြားသည် ။

ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ ဖဖော်ဝါရီလ ၂၈ ရက်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply