မီးဝဗျူဟာကုန်းသို့ စစ်ကူပေးရန်လာသော ခမရ ၇၏ တပ်ရင်းမှူးအပါအ၀င် တပ်မတော်သား ၂၀ ဦးကို AA ဖမ်းဆီး

0
41

Photo-AA Info Desk

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးဝ ဗျူဟာကုန်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်မှာ တစ်လ ကျော်ကြာမြင့်လာပြီဖြစ်ပြီး မတ်လ ၁၀ ရက်တွင် ခမရ ၇ မှ တပ်ရင်းမှူး အပါအ၀င် တပ်မတော်သား ၂၀ ဦးကို ဖမ်းဆီးထားကြောင်း AA က သတင်းထုတ်ပြန်သည်။

၂၀၂၀ ခုနှစ်၊ မတ်လ(၁၀) ရက်တွင်မီးဝဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော မြန်မာ့တပ်မတော်၏စစ်ကြောင်းများထဲမှ တပ်မ(၇၇) လက်အောက်ခံ၊ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊အခြေစိုက်၊ခမရ(၇) အား မြန်မာ့တပ်မတော်၏ အတွဲလိုက်ဒုံး၊လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်စုပြုံပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအခြေအနေတွင်ပင် ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်ဆရာ၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အားလက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြားတို့အားသိမ်းဆည်းရမိခဲ့ကြောင်း၊ တပ်မတော်သား ၂၀ ကျော် ကျဆုံးကြောင်း၊ AA ဘက်မှလည်း အသက်စွန့်လွှတ်ရသည့် စစ်သည်များ ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန် သတင်းပြန်ကြားရေးအဖွဲ့ ပြောဆိုရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ZYMH
#TheFifthWaveNews

Leave a Reply