မြန်မာနိုင်ငံအတွင်းရှိ အမေရိကန်စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန်သို့ ပြန်လည်သယ်ဆောင်

0
68

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းအချိန်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် အမေရိကန်နိုင်ငံ သို့ ပြန်လည် သယ်ဆောင်ခဲ့သည် ။

အဆိုပါ ရုပ်ကြွင်းများသည် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသမှ ရှာဖွေတွေ့ရှိခဲ့သော လူသားရုပ်ကြွင်းများဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (DPAA) ၏ အစီအစဉ်က တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည် ။

“ဒုတိယကမ္ဘာစစ်တုန်းက လေယာဉ်ပျက်ကျတဲ့ နေရာမှာပဲ ရှာဖွေတာတွေလုပ်တယ်။ အဲ့ဒီနေရာမှာရှိတဲ့ လေယာဉ်ပျက်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်စပ်ကြည့်ပြီး ဒီရုပ်ကြွင်းတွေကို ရှာဖွေတွေ့ ရှိတာဖြစ်ပါတယ်။ ဒီလိုရှာဖွေတဲ့အတွက် တွေ့ရှိလာတဲ့ ရုပ်ကြွင်းတွေဟာ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းဖြစ်မယ်လို့ ယုံကြည်တယ်´´ ဟု စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (DPAA) မှ Dr. Alexander Baer က ပြောသည်။

အဆိုပါ ရုပ်ကြွင်းများအား မည်သူမည်ဝါ၊ မည်သည့်အရာ ဖြစ်ကြောင်း ဖြစ်နိုင်ခြေ ရှိသည်များကို ဆက်လက်ခွဲခြမ်းစိတ်ဖြာရန်နှင့် ရှာဖွေဖော်ထုတ်ရန်အတွက် အမေရိကန်နိုင်ငံ ၊ ဟာဝိုင်အီရှိ ဒီပီအေအေ၏ ဓာတ်ခွဲခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည် ။

၂၀၁၉ ခုနှစ်ကလည်း အလားတူ အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို သယ်ဆောင်ခဲ့ဖူးပြီး အဖြေတစ်စုံတစ်ရာမထွက်သေးကြောင်း Dr. Alexander Baer က ပြောသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်၍ ရှာဖွေမတွေ့သေးသော အမေရိကန် စစ်သည် ၅၀၅ ဦး ရှိကြောင်း သိရသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply