ကိုရိုနာဗိုင်းရပ် အန္တရယ်ကာကွယ်မှုအဖြစ် ရုပ်ရှင်ရုံများစတင်ပိတ်

0
12

ကိုရိုနာဗိုင်းရပ် အန္တရာယ် ကြိုတင်ကာကွယ်မှုအနေနှင့် မတ် ၁၆ရက်ကစပြီးရုပ်ရှင်ရုံများပြသခြင်းမပြုဘဲပိတ်သိမ်းလိုက်ပြီဟုစုံစမ်းသိရှိရသည်။

ယနေ့မှစတင်ကာရုပ်ရှင်ရုံများပိတ်သိမ်းလိုက်သော်လည်းပြန်လည်ဖွင့်မည့်ရက်ကိုအတိကျမခန့်မှန်းနိုင်သေးကြောင်း စုံစမ်းသိရကာ အတည်မပြုနိုင်သည့် သတင်းတွေအရ ရုပ်ရှင်ရုံများမှာ ရက်သတ္တပတ် ခြောက်ပတ်အထိ ပိတ်ထားရဖွယ်ရှိကြောင်းသိရသည်။

“ကျနော်ကရုပ်ရှင်ရုံပိတ်မှန်းမသိဘူး။လတ်မှတ်သွားဝယ်တော့မှ ပိတ်ထားတယ်ဆိုတာသိလိုက်ရတာ”ဟုရုပ်ရှင်ကြည့်ရန်လတ်မှတ်သွားဝယ်သည့်သာကေတတွင်နေထိုင်သူကိုမင်းစိုးကပြောသည်။

လက်ရှိရန်ကုန်မြို့ရုပ်ရှင်ရုံများတွင်စိုင်းစိုင်းခမ်းလှိုင်ပါဝင်သရုပ်ဆောင်ထားသည့် “ပိတောက်ကတဲဂီတပိတောက်ကတဲဂီတ “ရုပ်ရှင်ကားပြသထားချိန်ဖြစ်သည်ဟုစုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့ပြီးလူစုလူဝေးများမပြုလုပ်ရန် ထုတ်ပြန်ထားပြီး ဖြစ်သည် ။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန်လည်း နှိုးဆော်ထားသည်။

ဇော်ထွန်း
#TheFifthWaveNews

Leave a Reply