ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်တစ်နေ့ထဲ သေဆုံးသူစံချိန်တင်မြင့်တက်

0
40

Photo- Business Today

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါအပြင်းထန်ဆုံးထိခိုက်နေတဲ့နိုင်ငံတွေဟာ တစ်ရက်အတွင်း သေဆုံးသူအများဆုံးအဆင့်ရောက်ရှိခဲ့ပါတယ်။

အီတလီမှာ ဖေဖော်ဝါရီ ၁၅ရက်က သေဆုံးသူ ၃၆၈ ယောက်ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၈၀၉ ယောက်ရှိလာသလို စပိန်မှာလည်း သေဆုံးသူ ၉၇ ယောက်ရှိခဲ့လို့ စုစုပေါင်း ၂၈၈ ယောက်ရှိခဲ့ပါတယ်။

ပြင်သစ်မှာလည်း သေဆုံးသူ ၂၉ ယောက်ရှိခဲ့လို့ စုစုပေါင်းသေဆုံးသူအယောက် ၁၂၀ ရှိလာပါပြီ။ ဗြိတိန်မှာလည်း ၁၄ ယောက်သေဆုံးခဲ့ပြီး စုစုပေါင်း ၃၅ ယောက်ရှိလာပါပြီ။ ဥရောပတစ်ခွင်မှာရှိတဲ့အစိုးရတွေက နိုင်ငံသားတွေရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်တာနဲ့ နယ်စပ်တွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးတာလုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကိုတုန့်ြ့ပန်နေပါတယ်။

ဥရောပနိုင်ငံတော်တော်များများမှာ ကျောင်းတွေကိုပိတ်ထားပါတယ်။ ဥရောပတိုက်ဟာ တရုတ်နိုင်ငံကနေစတင်ပြန့်နှံ့ခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဗဟိုချက်ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က ကြေညာခဲ့ပါတယ်။

ဥက္ကာ
#TheFifthWaveNews
BBC

Leave a Reply