မန္တလေး – မြစ်ကြီးနား ခရီးစဉ်ကို အဲကွန်းပါလေအိတ်ရထားဖြင့် မကြာခင်ပြေးဆွဲမည်

0
36

ရထားအမှတ် (၃၁) အဆန် နဲ့ (၃၂) အစုန် မန္တလေး – မြစ်ကြီးနား ခရီးစဉ်ကို ပထမဆုံး အဲကွန်းပါ လေအိတ်ရထားကို မတ်လ ၂၁ ရက်တွင်စတင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးဘူတာကြီးမှ မတ် ၁၆ရက်တွင် သိရသည်။

အဆိုပါအဲကွန်းပါ လေအိတ်ရထားများကို တောင်ကိုရီးယားနိုင်ငံ က ဝယ်ယူထားခြင်းဖြစ်ပြီး မြစ်ငယ်မီးရထားစက်ရုံမှာ ပြေးဆွဲရန် အဆင်သင့်ဖြစ်နေပြီကာ ရထားတွင် အထက်တန်းတွဲ (၁၀)တွဲ၊ စားသောက်တွဲ (၁)တွဲနှင့် ရိုးရိုးတန်း (၁)တွဲ ပါဝင်မည်ဖြစ်သည် ။

“အဲကွန်းပါ လေအိတ်ရထားတွေဟာ ပထမဆုံးပြေးဆွဲတာဖြစ်ပါတယ်။ အရင်ကတော့ လေအိတ်ရထားတွေပဲပြေးဆွဲတာပါ´´ ဟု မန္တလေးဘူတာကြီး မှ ရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်း က ပြောသည် ။

အဲကွန်းပါ လေအိတ်ရထား စတင်ပြေးဆွဲသည့်နေ့မှစ၍ လက်ရှိ မန္တလေး – မြစ်ကြီးနား ပေးဆွဲနေသည့် အမှတ် (၃၃) အဆန် ၊ အမှန် (၃၄) အစုန် တို့မှ ရိုးရိုးတန်း နှင့် အထက်တန်း လက်မှတ်ခများကို လျော့ချပေးသွားမည်ဖြစ်ပြီး အထက်တန်း လက်မှတ်ကို ၁၈၀၀၀ ကျပ် မှ ၁၆၀၀၀ ကျပ် သို့လည်းကောင်း ၊ ရိုးရိုးတန်း လက်မှတ်ကို ၉၀၀၀ ကျပ် မှ ၈၀၀၀ ကျပ်သို့လည်းကောင်း လျော့ချမည်ဖြစ်သည်။

မန္တလေး – မြစ်ကြီးနား လမ်းပိုင်းတွင် မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘိုစသည့် ဘူတာ (၇)ဘူတာ၌ ရပ်နားမည်ဖစ်ပြီး မန္တလေး မှ မြစ်ကြီးနား အထိ အထက်တန်း ထိုင်ခုံတစ်ခုံလျှင် နှစ်သောင်းကျပ် နှင့် ရိုးရိုးတန်း ထိုင်ခုံတစ်ခုံလျှင် တစ်သောင်း ကျပ် ကျသင့်မည်ဖြစ်သည် ။ အဲကွန်းပါ လေအိတ်ရထားအတွက် လက်မှတ်တွေကို မတ်လ ၁၈ ရက်မှာ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးဘူတာကြီး က သိရသည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply