ဒေါ်နော်အုန်းလှ ဘားအံ့အကျဉ်းထောင်က ယနေ့လွတ်မြောက်

0
40

ဘားအံ့အကျဉ်းထောင်တွင် ထောင်ဒဏ်တစ်လကျခံနေရသော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီး အဖွဲ့ခေါင်းဆောင်ဒေါ်နော်အုန်းလှ မတ် ၁၆ရက်တွင် ထောင်မှလွှတ်မြောက်လာခဲ့ကြောင်းသိရသည်။

မြဝတီမြို့ရွှေမြစန္ဒီအိမ်ရာစီမံကိန်းနှင့်ပတ်သတ်၍ နစ်နာသူပြည်သူများအား အကူအညီပေးခဲ့ရာက ထောင်ဒဏ်တစ်လကျခံခဲ့ရခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူဒေါ်နော်အုန်းလှကပြောသည်။

“ဒီနေ့ပဲ ပြစ်ဒဏ်စေ့လို့လွတ်လာတာပါ။အခြားဘာအမှုမှမကျန်ပါဘူး”ဟုဒေါ်နော်အုန်းလှကပြောသည်။

ဒေါ်နော်အုန်းလှနှင့်အတူ ထောင်ကျခံခဲ့ရသည့် ရွှေမြစန္ဒီအိမ်ရာမှ နစ်နာသူပြည်သူ သုံးဦး ပါ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဒေါ်နော်အုန်းလှ နှင့် နစ်နာသူပြည်သူ သုံး ဦးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်က မြဝတီမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ်မ (၂၀) ဖြင့် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇော်ထွန်း
#TheFifthWaveNews
Photo-ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့

Leave a Reply