ဗစ်တိုးရီးယားအမှုမှ အချက်အလက်များ ထုတ်ဖော်ပြောကြားခဲ့သည့် ရဲအရာရှိကြီးများကိုအမှုဖွင့်မည်ဟုဆို

0
29

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မူခင်းရဲတပ်ဖွဲ့မှူး၊ မှုခင်းညွှန်ကြားရေးမှူး၊မှုခင်းရဲတပ်ဖွဲ့ဌာနမှုးနှင့် ရဲဇာနည်(page) တို့ မှ ကလေးငယ်လေး၏ ကိုယ်ရေးအချက် အလက်များ၊ အမည်များ၊အမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ထုတ်ဖော်ပြောကြားခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထိုသို့ ပြောကြားခဲ့သည့် အဆိုပါ ရဲအရာရှိများကို ဆက်သွယ်ရေးဥပအဒေ ပုဒ်မ ၆၆(ဃ) ဖြင့် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းမှ အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“ပထမဦးဆုံး ၆၆(ဃ)နဲ့ စ ဆွဲပါမယ်။ အဲ့တော့ ၆၆(ဃ) မှာ ကျွန်တော်တို့ ရည်စူးထားတာကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ ရဲ အရာရှိ ၃ ယောက်နဲ့ နဲ့ ရဲဇာနာည်ပေ့ခ်ျမှာ တင်ခဲ့တဲ့ သူကို စွဲပါမယ်။ ဇဗ္ဗူသီရီမြို့နယ်ရဲစခန်းမှာ ဖွင့်ပါမယ်”ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးကပြောသည်။

တရားစွဲဆိုမှုကိုတော့ လာမည့် မတ်လ ၂၀ ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ကလေးသူငယ် အဖွင့်အရေးဆိုင်ရာဥပဒေပုဒ်မ ဖြင့် တရားစွဲဆိုမှုကိုတော့ ကာယံကံရှင်များမှ တရားလို လုပ်ကာ တရားစွဲဆိုမှသာ သင့်တော်မှာ ဖြစ်သည့် အတွက် တရားစွဲဆိုမှုကိုတော့ ခေတ္တရွှေ့ဆိုင်းထားကြောင်း ဦးသိန်းသန်းဦး ကပြောသည်။

အဆိုပါ ရဲ အရာရှိများအား အမှုဖွင့်ရခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလိုအပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊လူထု အခြေပြုရဲတပ်ဖွဲ့ဖြစ်ရန်၊ အရည်အချင်းမြင့်မားတဲ့ ရဲတပ်ဖွဲ့ဖြစ်ရန်နှင့် တာဝန်ယူမှု ပြည့်စုံ ရဲတပ်ဖွဲ့ဖြစ်ရန်အတွက် ရည်စူးကာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးသိန်းသန်းဦး ကပြောသည်။

“ဒီ ဗစ်တိုးရီးယားလေးကို ဒီမိသားစုလေးကို ဗစ်တိုးရီးယားလေးလို့ ပဲ သုံးတယ်။ အဲ့ အခြေအနေ မှာ လုံခြုံရေး တာဝန်ယူထားတဲ့ သူတွေက ဒီလို လုပ်လိုက်တာက အင်မတန်မှ ရုပ်ဆိုးပြီးတော့ ကျွန်တော်တို့ တရားစီရင်ရေး စနစ်နဲ့ ကျွန်တော်တို့ရဲ့ လူမှု ဘ၀ တခုလုံးကို ထိခိုက်တဲ့ အတွက် စွဲဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလိုအပ်နေပြီ ။ လူထု အခြေပြုရဲတပ်ဖွဲ့ဖြစ်ဖို့ အရည်အချင်းမြင့်မားတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ တာဝန်ယူမှု ပြည့်စုံ ရဲတပ်ဖွဲ့ဖြစ်ဖို့ အဲ့ အတွက် ရည်စူးတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာည် အရေးကြိးတဲ့ အဖွဲ့ ၀န်ကြိးချုပ်၊ သမ္မတလက်အောက်မှာ ရှိသင့်တဲ့ အဖွဲ့ ကောက်ချက်စွဲနိုင်အောင်အထိ ကျွန်တော်တို့ ရည်စူးတဲ့ အတွက် ဒီ အမှုကို ကျွန်တော်တို့ စွဲဆိုမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်း ရဲ အရာရှိများအား တရားစွဲဆိုနိုင်ရေးကို ခွင့်ပြုပေးနိုင်ရေးအတွက်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်က နိုင်ငံတော်သမ္မတထံသို့ တင်ပြထားခဲ့ကြောင်း သိရသည်။ထိုသို့ တင်ပြထားမှုအပေါ် သမ္မတရုံးအနေဖြင့် ယနေ့ အချိန်အထိ အကြောင်း ပြန်ကြားထားမှု မရှိသေးကြောင်း သိရသည်။

ဗစ်တိုးရီယားလေးအမှုနှင့် ပတ်သက်ပြီး အမြန်ဆုံးအမှုမှန်ပေါ်ပေါက်ရေးနှင့် ရဲအရာရှိများအား အရေးယူဆောင်ရွက်နိုင်ရန်အတွက်လည်း လက်ရှိတွင် ဆန္ဒ ထုတ်ဖော်မှုများလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရဲအရာရှိများကို အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောဆိုထားသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

ပိုမိုဖတ်ရှုလိုပါက>>>

Leave a Reply