မူဆယ်တွင် တရားမဝင်နေထိုင်သည့် တရုတ်ခုနှစ် ဦးထံမှ လက်နက်ခဲယမ်းများဖမ်းမိ

0
32

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေရှိ မင်းခန့်(ဘ) ဦးအောင်ထွန်းနေအိမ်၌ ခိုက်ရန်ဖြစ်ပွားနေ သည်ဟု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားခုနှစ်ဦးထံ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်းသိရသည်။

၎င်းတို့နှင့်အတူ SIGSAUER အမျိုးအစား ပစ္စတိုတစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၁၆ တောင့်၊ M-22 မောင်းပြန်ရိုင်ဖယ်(၄၀ မမ ဗုံးပစ်လောင်ချာတွဲလျက်) သေနတ်တစ်လက်နှင့် ကျည် ၄၅ တောင့်၊ ကျည်အိမ် ၂ ခု၊ CTG တံဆိပ်ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့နှင့် ဖမ်းဆီးရမိကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် မူဆယ်မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သိရသည်။

ကျော်သူမြင့်
Photo – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
#TheFifthWaveNews

Leave a Reply