COVID -19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီသို့ ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက်စရိတ်များ လှူဒါန်း

0
72

COVID -19 ကာကွယ်ထိန်းချုပ်ရေးဗဟိုအမျိုးသားအဆင့်ဗဟို ကော်မတီ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့ မှ ကိုယ်စားလှယ်များ၏ တစ်ရက်တာ နေ့တွက် စရိတ် လှူဒါန်းလိုက်ပြီဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က မတ် ၁၉ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

“ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၉ ဦးရဲ့ နေ့တွက်စရိတ် တစ်ရက်စာနေ့ တွက် စရိတ်လှူဒါန်းငွေ ကျပ် ၈၅ သိန်း ရှစ်သောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦးတို့ ၏ နေ့ တွက် စရိတ် တရက်စာလှူဒါန်းငွေ ကျပ် ၄၃ သိန်း စုစုပေါင်း ၁၂၈ သိန်း ရှစ်သောင်း ကို ပြည်သူ့ လွှတ်တော်ဥက္ကဌ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ နဲ့ သက်ဆိုင်ရာ အစုအဖွဲ့ကိုယ်စားလှယ်တို့က ဗဟိုကော်မတီ သို့ ယနေ့ နံနက် ပိုင်းတွင် ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်”ဟု နာယက ဦးတီခွန်မြတ်ကပြောသည်။

COVID -19 နှင့် ပတ်သက်ပြီးကြိုတင်ကာကွယ်နိုင်ရေးအတွက် လွှတ်တော် အတွင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် သတင်းမီဒီယာများကိုလည်း အပူချိန် စစ်ဆေးတိုင်းတာမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင်လည်း ပြည်သူများလာရောက်လေ့လာခွင့်ကို ဧပြီလ ၃၀ ရက်အထိ ခေတ္တပိတ်ထားကြောင်း သိရသည်။

ယင်းရောဂါနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် လည်း လူစုလူဝေးများ မလုပ်ကြရန်၊ သင်္ကြန်မဏ္ဍပ်ကြီးများ မလုပ်ဆောင်ကြရန်နှင့် ရုပ်ရှင်ရုံများကိုလည်း ပိတ်ထားရန် အသိပေးကြေညာချက်များ ထုတ်ပြန်ထားသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply