မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်ခွင့် ယာယီပိတ်

0
7

COVID -19 ရောဂါကြောင့် မန္တလေးမြို့ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်ခွင့်ကို မတ်လ ၁၈ ရက်မှစ၍ ယာယီပိတ်ကြောင်း စာထုတ်ခဲ့သည် ။

COVID – 19 ရောဂါကို ကူးစက်မြန် ကမ္ဘာ့ ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) သတ်မှတ်ပြီးဖြစ်သည့်အပြင် သင်္ကြန်ပွဲတော်၌ မဏ္ဍာပ်ဆောက်ခြင်းအပါအဝင် လူစုလူဝေး ပွဲလမ်းသဘင် အခမ်းအနားများကို ဧပြီလကုန်အထိ ရွှေ့ဆိုင်းထားရန် သမ္မတရုံးက စာထုတ်ထားပြီးဖြစ်သည်။

“ကျန်းမာရေးအတွက် ရှေးရှုပြီး တားမြစ်လိုက်တာပါ။ မလာစေချင်တာမျိုးကြောင့် မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ ရောဂါ အခြေအနေအရ တားမြစ်တာပါ။ မဖြစ်ခင်ကြိုတင်ကာကွယ် ဆိုသလိုပဲ ဆရာတော်ကြီးက ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ ပိတ်တာပါ´´ ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်အနုနာယက စာချ ဆရာတော် အရှင်ဝဏ္ဏိဿရ က မိန့်ကြားသည် ။

ထိုသို့ ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်ခွင့် ပိတ်ပြီးနောက် မတ်လ ၁၉ ရက်တွင် ကျောင်းတိုက်အတွင်း လာရောက်လေ့လာသည့် ခရီးသွားဧည့်သည် မရှိကြောင်း သိရသည် ။

မဟာဂန္ဓာရုံကျောင်းတိုက်သို့ နေ့စဉ် ပြည်တွင်းပြည်ပခရီးသွား ၂၀၀၀ ကျော်ဝင်ရောက်မှုရှိပြီး တရုတ်ခရီးသွားများဝင်ရောက်မှုမရှိသည့်နောက်တွင် ဝင်ရောက်လေ့လာသူ အနည်းငယ်လျော့ကျခဲ့သည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply