လူမှုကွန်ယက်တွင်ပျံနှံ့သည့်သတင်း ရဲတပ်ဖွဲ့ပြန်ရှင်း

0
155

ရန်ကုန် ဇန်နဝါရီ ၂၇ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများရရှိကြောင်း Than Toe Aung အကောင့်ဖြင့် ဓာတ်ပုံများနှင့်တင်ထားသည့်ကိစ္စကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြန်လည်ရှင်းလင်းသည်။

ရှင်းလင်းချက်အရ ခိုး၊ဆိုး၊လု၊ နှိုက်မှုကျူးလွန်တတ်သူများ၊ မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချသူများ၊ လူဆိုး၊ လူမိုက်များ၊ ပြေး ၄ ပြေး ဖမ်းဆီးရမိရေးအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ကျောက်တံတားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်ချုပ်လမ်းနှင့်လမ်း ၄၀ ထိပ်အရောက်တွင် မှောင်ရိပ်တွင် လူငယ်တစ်ဦးအိတ်တစ်လုံးနှင့် ရပ်နေသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။

ယင်းလူအားစစ်ဆေးရန်မေးမြန်းစဉ် လူငယ်က စစ်ဆေးမေးမြန်းခြင်း မခံဘဲ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကာထွက်ပြေးသွားသောကြောင့် လိုက်လံရာတွင် အေးရှာပလာဇာဟိုတယ်အတွင်းဝင်ပြေးသဖြင့် ဟိုတယ်လုံခြုံရေးဝန်ထမ်းများက ချုပ်နှောင်ပြီး ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့သည်။

အဆိုပါလူငယ်ကိုစစ်ဆေးမေးမြန်းရန်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ခေါ်ဆောင်လာခဲ့ရာတွင် ရိုက်နှက်ခြင်းမရှိခဲ့ကြောင်း ရတြပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် မိဘများထံဆက်သွယ်ပြီး အရေးယူခြင်းမပြုဘဲ ခံဝန်လက်မှတ်တွင်လက်မှတ်ထိုးကာ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုက်လံကူညီပေးနေသူ မောင်ဆောင်းခ က “ ရိုက်နှက်တာ လုပ်၊ မလုပ် CCTV မှတ်တမ်းရှိတယ်။ ရှင်းကြတာပေါ့” ဟု ၄င်းဖေ့ဘုတ်တွင်ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များစစ်ဆေးမေးမြန်းခဲ့သူသည် နိုင်ငံရေးသိပ္ပံကျောင်းသား တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတဟောင်း အိုဘားမား၏ လူငယ် ခေါင်းဆောင်ရေးရာအစီအစဉ်နှင့် အခြားလူငယ်ရေးရာခေါင်းဆောင်မှု အစီအစဉ်များတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သျှင်ရဲထွဋ်

ရန်ကုန် ဇန်နဝါရီ ၂၇ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများရရှိကြောင်း Than Toe Aung အကောင့်ဖြင့် ဓာတ်ပုံများနှင့်တင်ထားသည့်ကိစ္စကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြန်လည်ရှင်းလင်းသည်။

ရှင်းလင်းချက်အရ ခိုး၊ဆိုး၊လု၊ နှိုက်မှုကျူးလွန်တတ်သူများ၊ မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချသူများ၊ လူဆိုး၊ လူမိုက်များ၊ ပြေး ၄ ပြေး ဖမ်းဆီးရမိရေးအတွက် ဇန်နဝါရီ ၁၈ ရက်တွင် ကျောက်တံတားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်ချုပ်လမ်းနှင့်လမ်း ၄၀ ထိပ်အရောက်တွင် မှောင်ရိပ်တွင် လူငယ်တစ်ဦးအိတ်တစ်လုံးနှင့် ရပ်နေသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။

ယင်းလူအားစစ်ဆေးရန်မေးမြန်းစဉ် လူငယ်က စစ်ဆေးမေးမြန်းခြင်း မခံဘဲ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကာထွက်ပြေးသွားသောကြောင့် လိုက်လံရာတွင် အေးရှာပလာဇာဟိုတယ်အတွင်းဝင်ပြေးသဖြင့် ဟိုတယ်လုံခြုံရေးဝန်ထမ်းများက ချုပ်နှောင်ပြီး ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့သည်။

အဆိုပါလူငယ်ကိုစစ်ဆေးမေးမြန်းရန်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ခေါ်ဆောင်လာခဲ့ရာတွင် ရိုက်နှက်ခြင်းမရှိခဲ့ကြောင်း ရတြပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် မိဘများထံဆက်သွယ်ပြီး အရေးယူခြင်းမပြုဘဲ ခံဝန်လက်မှတ်တွင်လက်မှတ်ထိုးကာ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုက်လံကူညီပေးနေသူ မောင်ဆေင်းခ က “ ရိုက်နှက်တာ လုပ်၊ မလုပ် CCTV မှတ်တမ်းရှိတယ်။ ရှင်းကြတာပေါ့” ဟု ၄င်းဖေ့ဘုတ်တွင်ရေးသားထားသည်။

Leave a Reply