YBS လမ်းကြောင်း ငါးခုကို တစ်လကျော် အချိန်ပိုင်း ပြေးဆွဲမည်

0
32

Omni Focus General Services Public ကုမ္ပဏီမှ ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲ ပေးနေသည့် YBS လမ်းကြောင်း ငါးခုကိုတစ်လကျော် အချိန်ပိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ခရီးသွားပြည်သူများ သွားလာရာ၌ ပိုမို အဆင်ပြေစေရန် YBS လမ်းကြောင်း ငါးခုဖြစ်သော YBS-20, YBS-82, YBS-83,YBS-98 နှင့် YBS-99 ယာဉ်လိုင်းတို့အား ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယင်းလမ်းကြောင်းများကို မတ်လ ၂၀ ရက်မှစတင်၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော် အချိန်ပိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုပြီးစီးပြီ ဖြစ်သည့်အပြင် ညဘက်ခရီးသည် စီးနင်းမှုမှာလည်း မရှိသလောက် နည်းပါးလျက် ရှိသောကြောင့် မတ်လ ၂၀ ရက်မှစ၍
၂၄ နာရီဝန်ဆောင်မှုဖြင့် ပြေးဆွဲနေသော YBS-20 ယာဉ်လိုင်းအား မနက် ၄ နာရီ ၁၅မိနစ် မှ ည ၁၀ နာရီအထိလည်းကောင်း၊ ကျန်ယာဉ်လိုင်းများ အား မနက် ၅နာရီမှ ည ၁၀ နာရီအထိ လည်းကောင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းပြေးဆွဲမှုနှင့်ပတ်သက်သော အခြားသတင်းအကြောင်းအရာများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထပ်မံတင်ပြသွားမည်ဖြစ်ပြီး ယာဉ်လိုင်းတစ်ခုချင်းစီ၏ နောက်ဆုံး ကားထွက် ချိန်များကိုလည်း Omni Focus – YBS page တွင် တင်ပြပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အသိပေး ကြေညာထားသည်။

ထို့ပြင် Omni Focus General Services Public Co.,Ltd မှ ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲနေသည့် YBS လမ်းကြောင်း နှစ်ခုဖြစ်သော လေဆိပ် – ဆူးလေ ယာဉ်လိုင်း နှင့် အောင်မင်္ဂလာ – လေ
ဆိပ် -ဒဂုံဧရာ အဝေးပြေးယာဉ်လိုင်းတို့အား ၂၄ နာရီ ဝန်ဆောင်မှုကို မတ်လ ၁၈ ရက်မှ ဧပြီလ ၃၀ ရက်အထိ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် COVID-19 ကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် အဝင်အထွက် နည်းပါးလျက်ရှိပြီး ၊ ညဘက်ခရီးသည် စီးနင်းမှုမှာလည်း မရှိသလောက် နည်းပါလျက်ရှိသောကြောင့် အဆိုပါ ယာဉ်လိုင်းတို့ ၏ ၂၄ နာရီဝန်ဆောင်မှုဖြင့် ပြေးဆွဲမှုအား မတ်လ ၁၈ ရက်မှစ၍ နံနက် ၄ နာရီမှ ည ၁၁ နာရီ အထိသာ ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply