We Love Yangonက စားသောက်ကုန်များကို မူရင်းဈေးဖြင့် အိမ်တိုင်ရာရောက်ရောင်းချ

0
54

COVID19ကူးစက်မြန်ရောဂါကြောင့်အပြင်သွားလာရမည်ကိုစိုးရိမ်သူများအတွက် We Love Yangon ကအခြေခံစားသောက်ကုန်များကို မူရင်းဈေးအတိုင်း အိမ်အရောက်ပို့ဝန်ဆောင်မှု့ပေးကာ‌စတင်ရောင်းချပေးနေပြီဟု အဆိုပါအသင်းတာဝန်ရှိသူများထံမှ မတ် ၂၆ရက်တွင် သိရသည်။

COVID19ကြောင့် အခြေခံစားသောက်ကုန်များအလုအယက်ဝယ်ယူမှုများရှိနေသည့်အပြင် နေအိမ်မှအပြင်ထွက်ရန်စိုးရိမ်သူများအတွက် We Love Yangon ကရန်ကုန်ကိုချစ်မြတ်နိုးသူများ လုပ်ငန်းရှင်များ ပရဟိတအသင်းများစွာဖြင့် ပူးပေါင်းကာ အိမ်အရောက်ပို့ရောင်းချပေးခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ရောင်းချပေးတဲ့ဟာက မိသားစုငါးယောက်စာအတွက် ၂ပတ်စာလောက် လုံလောက်ပါတယ်”ဟုWe Love Yangon၏အတွင်းရေးမှူးဖြစ်သူကိုဇော်ဝင်းခိုင်ကပြောကြားခဲ့သည်။

ရောင်းချပေးသည့်စားသောက်ကုန်များမှာ အိမ်ထောင်စု တစ်စုအတွက်ဆန် (ဧည့်မထ အသွယ်)၊
ဆီ၊ ငါးသေတ္တာ၊ကော်ဖီမစ်၊ကွေကာအုပ်၊ ကြက်ဥနှင့်အသင့်စား ခေါက်ဆွဲထုပ် တို့ ဖြစ်ကြောင်းသိရသည်။

ရည်ရွယ်ချက်အဖြစ်ရန်ကုန်မြို့နေပြည်သူများ မိမိတို့ အိမ်အပြင်သို့ မထွက်ဘဲစိတ်အေးချမ်းသာစွာဖြင့် ကပ်ရောဂါဘေးကို ဖြတ်ကျော်နိုင်ရေးအတွက် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ဟုဆိုသည်။

ရောင်းချသည့်ဈေးနှုန်းများမှာလည်းပြင်ပပေါက်ဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဟုဆိုသည်။We Love Yangon သည်ကိုဗစ်ကပ်ရောဂါအရှိန်စတင်မြင့်တက်လာသည့်အချိန်မတ်၅ရက်ကစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးပရဟိတအသင်းဖွဲ့ပေါင်း၂၀၀ခန့်ဖြင့်ချိတ်ဆက်ထားကြောင်းသိရသည်။

ဇော်ဇော်ထွန်း
#TheFifthWaveNews

Leave a Reply