ULA/AAအကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများ၏ ငွေကြေး၊ပစ္စည်းများ၊ရန်ပုံငွေများအားထိန်းချုပ်တားမြစ်ရန် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ထုတ်ပြန်

0
92

AA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများ၏ ငွေကြေးများ ၊ ပစ္စည်းများ နှင့် ရန်ပုံငွေများအားထိန်းချုပ်တားမြစ်ရန် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က မတ်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်သမားသို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ခြင်းမှ မရုပ်သည့်အချိန်အထိ အထက်ပါအမိန့်များသည် အာဏာသက်ရောက်ကြောင်းသိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအားစည်းရုံးခြင်း အကြောက်တရားဖြင့် လွှမ်းမိုးခြင်း ဒေသခံပြည်သူများအား အကာအကွယ် ယူ၍တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များများ၏ လုံခြုံရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများ အစိုးရဝန်ထမ်းများ အပြစ်မဲ့အရပ်သား ပြည်သူများအား ဖမ်းစီးခြင်းသတ်ဖြတ်ခြင်၊း နှိပ်စက်ခြင်း ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်နေသည့် ULAနှင့် AAလက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ကြေညာထားခြင်းကြောင့် ULAနှင့် AAလက်နက်ကိုင်အဖွဲ့၏ ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏ရန်ပုံငွေများအား မိမိတို့လက်တွင် ရှိ/မရှိ စိစစ်၍ ရုံးဖွင့်ရက်သုံးရက်အတွင်း အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ တင်ပြရန်တွေ့ရှိပါက ကြိုတင်သတိပေးခြင်း နှင့်နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ထိန်းချုပ်မှုပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

ထိန်းချုပ်ထားသည့်ရန်ပုံငွေစာရင်းနှင့် အရေးယူဆောင်ရွက်ထားရှိမှုများအား အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နှင်းရေးလုပ်ငန်းကော်မတီသို့ဆောလျင်စွာတင်ပြရန်ညွှန်ကြားထားသည်ဟုလည်း ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ဖျက်မှုဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းနှင့် အကျိုးစီးပွားအတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရန်ပုံငွေသို့မဟုတ် အခြားပိုင်ဆိုင်မှုတစ်စုံတစ်ရာ စီးပွားရေးအရင်းအမြစ်များ သို့မဟုတ်ဘဏ္ဍာရေးသို့မဟုတ်အခြားဆက်စက်ဝန်ဆောင်မှုများအားအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၏ အကြာင်းကြားချက်မရှိဘဲ ဆောင်ရွက်ပေးခြင်းမပြုလုပ်ရန် ညွှန်ကြားထားသည်။

ဇော်ထွန်း

#TheFifthWaveNews

Photo-AA Info Desk

Leave a Reply