တရုတ်ကပြန်လာသူ ၁၆ ဦးကို ပုဗ္ဗသီရိကုတင် ၅၀ ဆေးရုံ၌ စောင့်ကြည့်မည်

0
5

တရုတ်နိုင်​ငံကပြန်လာသူ ၁၆ ဦးကို ​နေပြည်​​တော်​ရှိ ပုဗ္ဗသီရိမြို့နယ်၊ ကုတင် ၅၀ဆေးရုံ၌ သီးခြားထားကာ စောင့်ကြပ်ကြည့်ရှုသွားမည်​ဖြစ်​​ကြောင်း အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​မောင်​​မောင်​​ဆွေက​ပြောသည်​။

ထိုသို့လုပ်ဆောင်ရခြင်းသည်ရောဂါဖြစ်ပွားနေသည့် အချိန်မျိုးတွင်ြ​ပကပြန်​လာသူအချို့သည်​ ​နေအိမ်​တွင်​ ၁၄ရက်ကြာ​စောင့်​ကြပ်​ကြည့်​ရှုခြင်းကိုမလိုက်​နာသည့်​အတွက်​ ယခုကဲ့သို့စီစဉ်​ခြင်းဖြစ်ကြောင်း သိရသည်။

“အခုထားရတဲ့ရည်​ရွယ်​ချက်​က​ရောဂါပိုးရှိလို့မဟုတိဘူး။သံသယ​တွေ​ပျောက်​​စေချင်​လို့ WHO ရဲ့ Standard အတိုင်း၊လမ်းညွန်​မှုအတိုင်း ဝန်​ကြီးဌာနရဲ့လမ်း​ညွန်​မှု ​ရောဂါကူးစက်​ဖြစ်​ပွားခဲ့တဲ့ နိုင်​ငံကပြန်​လာတဲ့လူတိုင်းကို လုပ်​ရမယ်​ဆိုတဲ့အတိုင်းစံညွန်းအတိုင်းကိုနေပြည်​​တော်​​ကောင်​စီရဲ့ကြီးကြပ်​မှု၊အနီးကပ်​လမ်းညွှန်​မှုနဲ့ဝန်​ကြီးဌာနကလုပ်​တယ်​၊​ဆေးရုံ​တွေကလုပိတယ်​၊​နေပြည်​​တော်​ကျန်းမာ​ရေးဦးစီးဌာနကလုပ်​တယ်​​။ကျွန်​​တော်​တို့ NCVT က​နေ လိုအပ်​တဲ့ကိစ္စ​တွေ စား​ရေး​သောက်​​ရေး​နေ​ရေးထိုင်​​ရေးလက်​​ဆေးတာကအစကျွန်​​တော်​တို့ကကူညီ​ပေးတယ်​”‘ဟု ဦး​မောင်​​မောင်​​ဆွေက​ပြောသည်​။

နေပြည်တော်သို့ တရုတ်နိုင်​ငံမှ ပြန်လည်ရောက်ရှိလာသူများတွင်​ ကျား (၁၂) ဦး၊ မ လေးဦး ဖြစ်​​ပြီး လက်ရှိ လူနာသုံးဦးတွင် ရောဂါပိုး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply